အကြီးဆုံးသမီး👩

1.6K 136 0
                                    

Chapter 174

ကျန်းယန်ရှန့် က သူမကို စားပွဲနားအထိ  လိုက်ပို့မည် ပြုလျှင် သူမကအမြန်တားလိုက်သည်။

"ရပါတယ်...အဆင်ပြေပါတယ်... တစ်ယောက်တည်း သွားလိုက်မယ်နော်....ကျေးဇူး အများကြီး တင်ပါတယ်..."

"ရပါတယ်..."

ကျန်းယန်ရှန့် က သူမ ခြေထောက်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။

"တကယ် ဖြစ်ရဲ့လား..."

" ဖြစ်ပါတယ်...အစ်မ မလျှောက်နိုင်လည်း လျှောက်ရမှာပဲလေ....”

ကျန်းယန်ရှန့် က ပြုံးလိုက်သည်။ သူမက  လက်ကို ဝှေ့ယမ်းလိုက်ကာ နှုတ်ဆက်လိုက်သည်။

“ဒါဆို အစ်မ သွားတော့မယ်...”

ကျန်းယန်ရှန့် က မသွားသေးဘဲ  သူမကို  လှမ်းကြည့်‌လိုက်သည်။ သူမက နှေးတုံ့၊နှေးတုံ့ နှင့် ခြေထောက်ကို ဖိထောက်ရင်း သွားနေရှာသဖြင့် နာနေရှာမှန်း သိလိုက်သည်။ သူမသည် အလွန်ခေါင်းမာသူဖြစ်ပြီး အတင်း လမ်းလျှောက်ရန် တွန်းအားကြီး တစ်ခုရှိနေ ပုံရသည်။

ကျန်းယန်ရှန့် က သူမသည် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး အခြားသူများနှင့် စကားပြောနေသည့်အခါ သူမပုံစံမှာ စောစောကနှင့် လုံးဝ မတူတော့သည်ကို တွေ့လိုက်ရသည်။ စောစောက သူမသည်  ဖော်ရွေသော မိန်းကလေး ဖြစ်သော်လည်း စားပွဲသို့ ပြန်‌ ရောက်သောအခါတွင် သူမတွင် တည်ငြိမ်ပြီး အရည်အချင်း ရှိသည့် အသွင်ဆောင်နေသည်။ ထိုစားပွဲသည် အလွန်အဆင့်မီသော လုပ်ငန်းခွင်များကို ဆွေးနွေးရာနေရာ တစ်ခု ဖြစ်ပြီး တစ်ဝိုင်းလုံးတွင် သူမမှာ အငယ်ဆုံးဖြစ်ပြီး ကျန်သူများမှာ သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်းများဖြစ်သည်။

ကျန်းယန်ရှန့် သည် သူမတို့စားပွဲမှ မိန်းမကြီး တစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ရှောင်မို.. ရှင် ပြောခဲ့တဲ့ ပရောဂျက်တွေကို ဆွေးနွေးနေတာ... ကျွန်မတို့ကို ထပ်ပြောပြနိုင်မလား…”

"ရှောင်မို" ဟုခေါ်သော ထိုမိန်းမငယ်သည် အလွန်အာရုံစူးစိုက်ပြီး ယုံကြည်မှု အပြည့် ရှိနေသည်။ကျန်းယန်ရှန့် သည် သူမတို့၏ စားပွဲဝိုင်းတွင် အလားတူလူများ ရှိကြပြီး ပရောဂျက်များ သို့မဟုတ် တစ်ခုခုအကြောင်း ပြောနေကြသည်ကို ကြားမိသည်။

အကြီးဆုံးသမီး👩Donde viven las historias. Descúbrelo ahora