Part 102
ကျန်းယန်ရှန့်သည် သူမအပေါ်ရှုလီချန်၏ ဆက်ဆံပုံမှာ ပြီးခဲ့သော ဘဝ နှင့် ခြားနားနေသောကြောင့် အနည်းငယ် အံ့ဩ နေခဲ့သည်။ အရင်ဘဝက သုံးယောက်အုပ်စုတွင် ရှုလီချန်က သူမ အနားတွင် အမြဲရှိခဲ့သော်လည်း...
အဘယ့်ကြောင့် ယခုဘဝ တွင် သူမဘဝကို ရှုပ်ထွေး စေသနည်း။
ကျောင်းစဖွင့်ပြီး လ အနည်းငယ် အကြာတွင် ရှုလီချန်က ကျန်းယန်ရှန့်ကို စိတ်ရှုပ်စေခဲ့သည် ။
ရှုလီချန် သည် ကျန်းယန်ရှန့် အပေါ်တွင် ယဉ်ကျေးမှုလဲ မရှိပေ ၊ ထို့ကြောင့်ပင် သူမ ဌာနမှုးရုံးခန်းသို့ တိုင်ကြား ခဲ့ရသည်
‘ရီ အထက်တန်းကျောင်း’သည် ‘kမြို့တော်’ တွင်
ထိပ်ဆုံးကျောင်း ဖြစ်သည်။ ထို့ကြောင့်
ဌာနမှုး သည် ပေါ့ဆခြင်းမရှိပဲ ၊ ရှုလီချန်ကို အပြစ်ပေးကာ သူ့မိဘများနှင့် ခေါ်ယူ တွေ့ဆုံ ခဲ့သည်။
ရှုလီချန်က ပြစ်ဒဏ်ပေးခြင်းကို ဂရုမစိုက် ၊ သို့သော် သူ၏ မိဘများကို စကားေပြောရသည်က ပို၍ စိတ်ရှုပ်စရာ ကောင်းလှသည် ။ သူ ဌာနမှူး ရုံးခန်းထဲ တွင်ပင် အဆူ ခံခဲ့ရသည်။
ဌာနမှူး ရုံးခန်းမှ သူထွက်လာသောအခါ သူ့ ဖခင်၏ မျက်နှာက မည်းမှောင်နေသည်။
ရီ အထက်တန်းကျောင်း'ကို တက်ရောက်ရန် ငွေကုန်ကြေးကျ များလှသော်လည်း သူသွားနိုင်သည့် နေရာများမှာ အကန့်အသတ် ရှိသည် ။ ထိုကျောင်းသို့ တက်ရောက်ရန် သူ့ ဖခင်သည် အတော် ကြိုးစားလိုက်ရသည် ၊ ထို့နောက် ပထမ တစ်လထဲ မှာပင် ထိုကလေးက သူ့ကို ဒုက္ခ ပေးခဲ့သည် ။
တစ်ကယ်တော့ မိန်းကလေး ကိစ္စကြောင့်ဖြစ်သည် ၊ သို့သော် ထို မိန်းကလေးက သူ့ကို တိုင်ကြားခဲ့သည် ။ ရှုလီချန် ၏ ဖခင်သည် အထူးပင် ရှက်ရွံခံစား ခဲ့ရသည် ။
သူတို့ ထိုဌာနမှုး အဆောက်အဦး မှ ထွက်လာသော အခါ သူ့အဖေမှ ”မင်းမှာ ပိုက်ဆံမရှိလို့လား ဒါမှမဟုတ် ရုပ်ဆိုးတဲ့မျက်နှာ ရှိနေတာလား ၊ မိန်းကလေးကြောင့် အပြစ်ပေးတာ ခံရတယ်ပေါ့....
ŞİMDİ OKUDUĞUN
အကြီးဆုံးသမီး👩
Genel KurguEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...