Chapter 184
ကျန်းဟွမ်က ဝင်ပြောလိုက်သည်။
"ယန်ယန်က ပရောဂျက်တစ်ခု တွေ့လာလို့ ရင်းနှီးမြှုပ်နှံချင်နေတာ... ဒါကြောင့် ကျွန်တော်တို့ကို ရှင်းပြနေတာ ...ပြီးရင် ကျွန်တော်တို့ အိတ်ကပ်ထဲက ပိုက်ဆံတွေ ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့...ဟဲဟဲ...”
ကျန်းယု အံ့သြသွားရသည်။
"တကယ်လား..."
အဘွားကျန်း က ပြုံးပြီး ပြောလိုက်၏။
“ဟုတ်တယ်...ငါတို့ သူမကို ပိုက်ဆံပေးဖို့ ဆုံးဖြတ်ပြီးပြီ....”
ဆိုလိုသည်မှာ အဘွားအိုနှင့် ကျန်းဟွမ် တို့သည် ကျန်းယန်ရှန့် တွေ့ရှိသော ပရောဂျက်ကို ရင်းနှီး မြှုပ်နှံမှုကို အတည်ပြုလိုက်ခြင်းဖြစ်သည်။
"ယန်ယန် ဒီပရောဂျက်ကို ဘယ်ကတွေ့လာတာလဲ..."
ကျန်းယု သည် ပရောဂျက်အကြောင်းလည်း မသိချင်သလို ငွေပမာဏမည်မျှ ရင်းနှီးမြှုပ်နှံကြမည်ကို လည်း မသိချင်ပေ။သို့ရာတွင် အထက်တန်းကျောင်းသူ ကျန်းယန်ရှန့်က ယုံကြည်စိတ်ချရသော ရင်းနှီးမြုပ်နှံမှု ပရောဂျက်ကို မည်သည့်နေရာမှ မည်သို့ အဆက်အသွယ် ရလာသည်ကို သူ သိချင်နေလေသည်။
“ဟိုတစ်လောတုန်းက သမီး အဖွားနဲ့ အဲဒီဖိုရမ်ကို သွားတယ်လေ...အဲ့ဒီမှာ ပရောဂျက်တစ်ခု ရခဲ့တာ...အဲဒီအကြောင်းကို အဘွားနဲ့ ဖေဖေကို ပြောပြလိုက်တာ... သူတို့ကလည်း သဘောတူကြတယ်...”
ကျန်းချီ လည်း အဲဒီဖိုရမ်ကို သွားခဲ့သားပဲ...
" ချီချီ ပြောတာကို ဦးလေး မကြာမိဘူး... အတူတူသွားတာ မဟုတ်လား...."
အဘွားကျန်း ပြုံးမိသွားရသည်။
“အစ်မချီချီ က အဲဒီအချိန်တုန်း ဖိုရမ် ကို နားထောင်နေတာ သမီးက အပြင်ခဏထွက်သွားတုန်း တစ်ယောက်ယောက်နဲ့ တွေ့ခဲ့တာ....”
သို့ဖြင့် အဘွားကျန်းနှင့် ကျန်းဟွမ်တို့ နှစ်ယောက်လုံး စိတ်ချရလောက်သည့် ပရောဂျက်တစ်ခုကို ရှာတွေ့ခဲ့လေသလား။
ကျန်းယုက နူးညံ့စွာ မေးလိုက်သည်။
"သူတို့က ဘယ်လောက် ရင်းနှီးမှာလဲ..."
أنت تقرأ
အကြီးဆုံးသမီး👩
قصص عامةEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...