Chapter 165
"ဝိုး သူမက အထက်တန်းလွှာမိသားစုတွေကြားမှာ လူပြောများနေတဲ့ မိန်းကလေးပဲ…."
ချန်းဝေ့ ကင်မရာကိုမြှောက်လိုက်ပြီး
" ညီလေးကျိုး နဲ့တခြားသူတွေကိုပြဖို့ငါဓာတ်ပုံရိုက်ထားရမယ်…ကောင်းပြီ ငါဒါကိုအဖွဲ့ထဲပို့လိုက်တော့မယ်….."
ယွဲ့စုန် အဖွဲ့ထဲသို့ပို့ထားသော အကြောင်းအရာကို နှိပ်ပြီး နှစ်ကြိမ်ခန့်ပြန်ကြည့်ပြီး ပြုံးမိလိုက်သည်။
" ရိုက်ပြီးသားဓာတ်ပုံကို ပြန်ပြီး edit လုပ်နေတုန်းပဲလားကွ….."
"ဘာကြီး…မဟုတ်ဘူး…ကြည့်ကြည့်ရအောင်…"
ချန်းဝေ့ ကင်မရာ setting ကိုဖွင့်ကြည့်လိုက်ပြီး beauty effect ကိုမဖွင့်ထားဖို့ ယုံကြည်နေမိသည်။
" ဒါကိုငါမဖွင့်ထားဘူးလေ….."
"မဟုတ်ဘူး….."
ယွဲ့စုန် မယုံသင်္ကာနှင့် ဓာတ်ပုံကိုစိုက်ကြည့်နေမိသည်။
ချန်းဝေ့က သူ့ခေါင်းကိုပုတ်လိုက်ပြီး
" သူမကအရမ်းလှနေလို့လို့ ဘာလို့မပြောတာလဲ….."
သူလည်း တခဏကြာမှ စိုက်ကြည့်နေမိခဲ့သည်။
သူတို့နှစ်ယောက်လုံး တခဏမျှ တိတ်ဆိတ်သွားပြီး လူများကြားမှ ထိုမိန်းကလေးကိုမြင်ရရန် ရှာဖွေနေမိသည်။
သူမ၌ တကယ့်အစစ်အမှန် လှပသောမျက်နှာလေးရှိသကဲ့သို့ သူမ၏ မိတ်ကပ်အပြင်အဆင်က အရမ်းအေးချမ်းလှပြီး သူမ၏ အသားအရေကလည်း မီးရောင်အောက်၌ ဝင်းပြီးချောမွတ်နေ၏။
" ဒါမိတ်ကပ်ကြောင့်ကွ….."
ချန်းဝေ့ ပြောလိုက်သည်။
" ဒါက မိတ်ကပ်ကြောင့်ပဲ…ငါတော့မယုံဘူးကွာ…
ဘယ်လို မိတ်ကပ်အကောင်းစားတွေသုံးထားလဲမှမသိနိုင်တာ…သူရဲ့ အဲ့ဒီ့မိတ်ကပ်တွေဖျက်လိုက်တာနဲ့ သူမတကယ့်ကို….."
ချန်းဝေ့ ဆက်မပြောနိုင်တော့ချေ။
သူတို့နှင့်မနီးမဝေးသော နေရာ၌ရောက်နေသော်လည်း ထိုမိန်းကလေး၏မိတ်ကပ်က အရမ်းထူမနေဘဲ ပါးပါးကြည်ကြည်လေးသာဖြစ်နေသည်ကိုတော့ သူတပ်အပ်ပြောနိုင်သည်။ နှုတ်ခမ်းနီအရောင်သည်ပင် အရမ်းကျက်သရေရှိလွန်းနေပြီး လူအများအား အေးချမ်းသောခံစားချက်ကိုပေးနိုင်သည်။
ВЫ ЧИТАЕТЕ
အကြီးဆုံးသမီး👩
Художественная прозаEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...