အကြီးဆုံးသမီး

1.9K 143 1
                                    

Part 64

နေပါဦး... နောက်ဆို အလုပ်သွားတဲ့အခါ ဘာလုပ်ရမလဲ...တကယ် ဘတ်စ်ကားစီးရမှာလား..."

လျန့်ကျန်းသည် ဘတ်စ်ကားစီးခြင်းကို ရှက်စရာကောင်းသည်ဟု ယူဆထားသူဖြစ်သည်။သို့သော် နေ့စဉ် တက္ကစီစီးရန်လည်း ပိုက်ဆံမတတ်နိုင်ချေ။

သူက လျန့်ယင်းယင်းသည် နေ့စဉ်ကုန်ကျမည့် တက္ကစီစရိတ်ကို ပေးလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ရလဒ်မှာ သူမျှော်လင့်ထားသည်ထက် ပိုကောင်းနေ၏။

လျန့်ယင်းယင်းက ဒေါသတကြီးပြောလိုက်သည်။

ဘာဘတ်စ်ကား အကြောင်း ပြောနေတာလဲ...နင် သိက္ခာကျခံ နိုင်ပေမယ့် ငါ အကျမခံနိုင်ဘူး...နင့်ယာဉ်မောင်းလိုင်စင် ယူလာခဲ့..နင်မောင်းဖို့ ကားပေးမယ်..."

လျန့်ကျန်း က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"သွားယူလိုက်ဦးမယ်...ဒါဆို အန္တီ့ရဲ့ ဖရာရီကားကို အလုပ်သွားရင် မောင်ချင်တယ်..."

လျန့်ယင်းယင်းမှာ မေ့လဲကျလုနီးပါး ဖြစ်သွားသည်။

နင်မို့လို့ ပြောရဲတယ်..

လျန့်ယင်းယင်း က ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။

ဘာတွေ တွေးနေတာလဲ....ငါ ဖရာရီကားစီးရတာ နှစ်ရက်ပဲ ရွိသေးတယ်...ငါ နောက်တစ်ခါ ကားအသစ်ဝယ်မှ ဒီဖရာရီကို ပေးစီးမယ်...."

လျန့်ယင်းယင်းက ပိုပိုသာသာလေး ပြောလိုက်သည်။ ကျန်းယန်ရှန့် ကြားလျှင် သူမကို လှောင်ရယ်မည်မှာဧကန်ပင်။

လျန့်ကျန်း သည် သူ့မွေးရပ်မြေသို့ ဖရာရီကားကို မောင်းလာသည့်အခါ အတန်းဖော်များကို မည်သို့ မည်ပုံ ကြွားပစ်လိုက်မည်ဟု အားခဲနေလေသည်။

ညစာစားပြီးနောက်......

လျန့်ကျန်းက လျန့်ယင်းယင်း ကို မျက်စပစ် ပြလိုက်ပြီး 'သူ့ကား'ကို သွားကြည့်ချင်ကြောင်း အရိပ်အခြည်ပြနေ၏။

လျန့်ယင်းယင်း က ပြုံးလိုက်ပြီး ကျန်းဟွမ်ကို ပြောလိုက်သည်။

"ယောက်ျား...ရှောင်ကျန်းကလေအလုပ်သွားရတာ အဆင်မပြေဘူး...ပြီးတော့ နေ့တိုင်း ရှင့်ကားကို လိုက်စီးရင်လည်း ရှင့်အချိန်တွေကို နှောင့်နှေးတယ်လေ...အဲ့ဒီတော့ အိမ္က BMW ကားကို သူ့ကို မောင်းခိုင်းလိုက်မယ်လေ....ဘယ်လိုသဘောရလဲဟင်..."

အကြီးဆုံးသမီး👩Where stories live. Discover now