Chapter 46
လျန့်ကျန်း ကို ကျန်းယန်ရှန့် က
မင်္ဂလာပါ... ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကျန်းယန်ရှန့် ပြန်လည် မွေးဖွားလာ ပြီးနောက် ကျန်းဟွမ် ၏ စိတ်ထဲတွင် သမီးအကြီးဆုံးသည် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ရင့်ကျက်လာပြီ ဟု ခံစားခဲ့ရသည်။မည်သည့် ကိစ္စမဆို သူမကို အရင်ကထက် တိုင်ပင် ပြောဆိုဖြစ်သည်။
ကျန်းဟွမ် က သူမကို အသိပေးသလို ပြောလာသည်။
"ရှောင်လျန့် က အခုမွ တက္ကသိုလ်က ဘွဲ့ရတာ...သူ့ကို ကုမ္ပဏီမှာ အလုပ်သင် လုပ်ခိုင်းဖို့ စီစဉ်ထားတယ်.... ဟု ပြောလိုက်သည်။
ကျန်းယန်ရှန့် က ခေါင်းညိတ်ပြီး လျန့်ကျန်း ကိုမေးလိုက်သည်။
"ဘယ်တက္ကသိုလ်က ဘွဲ့ရတာလဲ..."
လျန့်ကျန်း ဂုဏ်ယူသည့် ပုံစံနှင့်
"အိတ်ခ်ျ(H) တက္ကသိုလ်..."
ထို တက္ကသိုလ် သည် နာမည်ကြီး တက္ကသိုလ်ဖြစ်သည်။
လျန့်ကျန်း သည် အျခား အကြောင်းသာပြောသည်။သူသည် ဂျူနီယာကောလိပ် သာတက်ခဲ့ရကြောင်း ထိန္ခ်န္ထား၏။
ထို့နောက် ကျန်းယန်ရှန့် က
"ဘွဲ့ကြို ဒါမှမဟုတ် ဂျူနီယာ ကောလိပ်လား..."
လျန့်ကျန်း အံသြသွားသည်။
ဒီကောင်မလေး ဘာလို့ ဂျူနီယာကောလိပ် အကြောင်း သိနေရတာလဲ.....
အမှန်တော့ သူက ဂျူနီယာ ကောလိပ်သင်တန်းမှ ဘွဲ့ရတစ်ယောက်သာ ဖြစ်သည်။
လျန့်ကျန်း သည် ယခင်က အင်တာဗျူး ဖြေရန် အခြားကုမ္ပဏီများသို့ သွားရောက်ခဲ့သည်။အလုပ်လျှောက်ပါက အတွေ့အကြုံ နှင့် ဘွဲ့ အမျိုးအစားကိုသာ အာရုံစိုက်ကြသဖြင့် သူအလုပ်မရခဲ့ချေ။သူရခဲ့သည့် ဘွဲ့မှာလည်း သာမာန်ဘွဲ့တစ်ခု ဖြစ်သည့်အပြင် ဂျူနီယာ ကောလိပ် သာ တက်ရောက်ခဲ့ရသဖြင့် သူ့ကို အထင်မကြီးကြပေ။
"ဂျူနီယာကောလိပ်...ဂျူနီယာကောလိပ်သင်တန်း..." ဟု ပြန်ပြောလိုက်သည်။
ကျန်းယန်ရှန့် သည် ရှည်လျားသော အိုး ဟူသည့် အသံကို ပြုလိုက်သည်။
KAMU SEDANG MEMBACA
အကြီးဆုံးသမီး👩
Fiksi UmumEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...