Part 33
ကျန်းဟွမ် သည် ချက်ချင်းပင် ပျော်ရွှင်လာပြီး ကျန်းယန်ရှန့် ကို တစ်ချက်ကြည့်လိုက်ကာကျန်းရှို့ချန် ကို
"သားအစ္မက သားကို မရိုက္ဘူးလား..."
"ရိုက်တယ် ဒါပေမဲ့ မနာဘူး..."
ကျန်းရှို့ချန် ပြန်ဖြေလိုက်သည်။
လျန်ယင်းယင်း စိတ်အေးသွားရပြီး ဒေါသထွက်ကာ ကျန်းရှို့ချန် ၏ ခေါင်းကို ရိုက်လိုက်သည် ။
"သား...အ,လှချည်လား..."
ထိုအချိန်တွင် ကျန်းယန်ရှန့် သည် တုတ္တံအား ဆွဲထုတ်လိုက်ပြီး ရိုက်လိုက်ရာ သူမ၏ လက်ကောက်ဝတ် အလယ်တည့်တည့်တွင် ထိမှန်သွားရသည်။
လျန်ယင်းယင်း အော်လိုက်သည်။
" ကျွန်မကိုရိုက်တယ်! ကျင်းဟွမ် ရှင့်သမီး ကျွန်မကိုရိုက်တယ်..."
သူမက ကျန်းယန်ရှန့် ကို လက်ညှိုးထိုးပြပြီး အော်သည်။
ကျန်းယန်ရှန့် က အေးစက်စွာ ပြောလိုက်သည်။
" တစ်ခုခုပြောချင်ရင် ပြောလေ...ဘာလို့ ကေလးကို ရိုက်ရတာလဲ. ကျန်းရှို့ချန် က ငယ် သေးတယ်...အဲ့တော့ သူ အမွား လုပ်မိတယ်...သူ ဘာအမွားလုပ္တယ္ဆိုတာ ဝန်ခံအောင် သူ့တင်ပါးကို ရိုက် လို့ရတယ်...ဒါပေမယ့် သူ့ခေါင်းကို ဘယ်တော့မှ မထိနဲ့...ကလေးရဲ့ခေါင်းကိုပေါ့ပေါ့ဆဆ ရိုက္တာ ကောင်းသလား..."
"ငါ့သားကိုရိုက္တာ နင့်အလုပ်လား..."
"ဒါက ကျွန်မ အလုပ် မဟုတ္ဘူးလို့ ရှင်ထင်ရင်...ကောင်းပြီ...ဒါဆို သူ့မျိုးရိုးနာမည် ကျန်း မဖြစ်ပါစေနဲ့...ပြီးတော့ဒီအိမ်မှာလည်း မထားနဲ့...ဒါဆို သူ့ကို ကျွန်မဘယ်တော့မှ ဂရုမစိုက်မိ အောင်နေမယ်..."
လျန့်ယင်းယင်း အော်ဟစ်လိုက်သည်
"ဘာလို့လဲ...သူက နင့်အဖေရဲ့ သားလေ...သူ့ကို ကျန်း လို့ နာမည်ပေးထားတာ...အဲ့တော့ ဒီမှာနေရမယ်..."
"သူနဲ့ကျွန်မက အေဖ တစ်ယောက်တည်းမွေးတာကို သိတယ်...အဲ့ဒါကြောင့် ကျွန်မအတွက် ဘာလို့ အေရးမပါရမွာလဲ...သွေးသားက သံသယ ဖြစ်စရာ ကောင်းလို့လား...ဒါဆို DNA စစ္ဖို့ မလိုဘူးလား...
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...