Part 60
ကျန်းယန်ရှန့် ၏ အေးစက်သောအသံသည် ဖုန်းထဲတွင် ထွက်ပေါ်လာသည်။
"ဟဲလို..."
ရှောင်ကျိုး က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မမေလး ယန်ယန်... မကြာခင် အပြင်ထွက်စရာ ရွိလား... မစ္စတာလျန့် က ကုမ္ပဏီကို လိုက်ပို့ခိုင်းနေလို့ပါ...မမေလးရဲ့ သွားချင်ရင် လြဲသြားမွာစိုးလို့ပါ...."
ဖုန်းထဲတွင် တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး ကျန်းယန်ရှန့် က ပြောသည်။
"ဟုတ်ပါတယ်...ကျွန်မ အခုအပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ...အခုချက်ချင်း အောက်ထပ်ကို ဆင်းခဲ့မယ်...."
ရှောင်ကျိုးသည် တစ်ချက်ပြုံးလိုက်ပြီး ဖုန်းချလိုက်သည်။
"တောင်းပန်ပါတယ်....မစ္စတာလျန့်....မမေလး ယန်ယန် မကြာခင် ဆင်းလာတော့မှာပါ...အပြင်သွားမယ်လို့ ပြောပါတယ်..."
လျန့်ကျန်း ၏မျက်နှာက နီမြန်းလာပြီး ဒေါသတကြီး ပြောလိုက်သည်။
"ကောင်းပြီ...ဒီက စောင့်နေမယ်..ကလေးတစ်ယောက်ရဲ့ အေပ်ာ္အပါး ကိစ္စက လူကြီးတစ်ယောက်ရဲ့ အလုပ်ကိစ္စထက် ပိုအရေးကြီးပါ့မလား....
ကျန်းယန်ရှန့် စိတ်ထဲတွင် ရှောင်ကျိုး သည် လျန့်ယင်းယင်း၏ ဘက်တော်သားဟု ယူဆထားသည်။
သို့သော်လည်း ရှောင်ကျိုးက သူမကို ဦးစြာ ဖုန်းခေါ်လိုက်၍ အမြင်ရှင်းသွားပေသည်။
သူမ အောက်ထပ်သို့ဆင်းလာသောအခါ လှေကားပေါ်တွင် ကျန်းဟယ်လင်း နှင့် တွေ့လေသည်။
"အစ္မ...ဘယ္သြားမလို့လဲ...."
ကျန်းယန်ရှန့်က ခြေလှမ်းကို မရပ်ဘဲ အောက်ထပ်သို့ ဆင်းရင်းပြောလိုက်သည်။
သြားစရာရွိလို့...
သူမ အိမ်ထဲမှ ထွက်လာသောအခါ လျန့်ကျန်း သည် ကားဘေးတွင် ဒေါသတကြီး ရပ်နေလေ၏။ တစ်ဖက်တွင် ရှောင်ကျိုး က လျန့်ကျန်းကို ပြုံး၍ ကြည့်နေလေ၏။
ကျန်းယန်ရှန့် က လျန့်ကျန်း ကို မကြည့်ဘဲ ရှောင်ကျိုး ကို ပြောလိုက်သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...