Part 71
လျန့်ကျန်း က ပြန်မပြောသော်လည်း သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တို့ ရှိနေသည်။
ကျန်းရှို့ချန်က ဝမ်းကွဲအစ်ကို၏ မျက်နှာထား တင်းမာနေပုံကို ကြောက်သွားပြီး ခြေလှမ်းနှစ်လှမ်း ပြန်ဆုတ်လိုက်သည်။
ကျန်းဟွမ်က ကျန်းရှို့ချန်ကို ဖက်လိုက်ပြီး လျန့်ကျန်းကို မကျေမနပ် ကြည့်နေသည်။
အခြေအနေကို သဘောပေါက်သွားပြီး လျန့်ယင်းယင်းက ဝင်ပြောလိုက်သည်။
"တော်ကြတော့..."
သူမက သားဖြစ်သူကို ဆူသည့်အတွက် လျန့်ကျန်းကို ဒေါသတကြီး ပြစ်တင်လိုက်သည်။
"နင်က လူကြီးလေ... ကလေးနဲ့ ရန်ဖြစ်စရာလား..."
လျန့်ကျန်းက အဒေါ်အရင်းကပင် သူ့ကို ပစ်ပယ်လိုက်၍ ကျန်းဟွမ်ကို စစ်ကူတောင်းလိုက်သည်။
"ဦးလေး ကလေးတွေကို ကြည့်ပါဦး....ကျွန်တော်တို့ မိသားစုက ချမ်းသာတာ မှန်တယ်...ဒါပေမဲ့ ပိုက်ဆံကို ဖြုန်းတာ မဖြစ်သင့်ဘူး..."
လျန့်ကျန်းသည် ကားတစ်စီးဝယ်ရန် ယွမ်သန်းပေါင်းများစွာ သုံးခြင်းသည် သင့်တော်သည်ဟု ယူဆသည်။ အကြောင်းမှာ ကားတစ်စီးသည် လူတစ်ယောက်၏ လူနေမှုအဆင့်အတန်းကို ကိုယ်စားပြုလေသည်။
သို့သော် ဂိမ်းစက်တစ်လုံးကို ယွမ်သန်းဝက်ခန့် ပေး၍ ဝယ်ခြင်းသည် ဂုဏ်မတက်ပေ။ကလေးတစ်ယောက်၏ နာရီဝက်,စာ ပျော်ရွှင်မှုအတွက် ပိုက်ဆံများစွာ သုံးသည်မှာ သဘာဝမကျဟု သူ ထင်သည်။
သို့သော် လျန့်ကျန်း အားကိုးနေသည့် ကျန်းဟွမ်ကလည်း သူ့ဘက်တွင် ရှိမနေပေ။
"အဲ့ဒီဂိမ်းစက်က သူတို့ကို ပျော်ရွှင်စေတယ်လေ....အဖေတစ်ယောက် ပိုက်ဆံရှာတာဟာ သားသမီးအတွက်ပါပဲ...ကလေးတွေ ပျော်ရွှင်ဖို့ဆို ငါကဘယ်လောက်တန်ပဲဖြစ်ဖြစ် ဝယ်ပေးမှာ..."
ကျန်းဟွမ်က ကျန်းရှို့ချန်ကို ပွေ့ချီလိုက်ပြီး တစ်ချက်နမ်းကာ အောက်ကို ပြန်ချလိုက်သည်။
"အဖေက သားအတွက် ငွေရှာနေတာပါ...."
ကျန်းဟွမ် ခေါင်းငုံ့လိုက်သည်နှင့် ကျန်းဟယ်လင်း၏ မျှော်လင့်ချက်များ ပြည့်လျှံနေသော မျက်လုံးကို တွေ့လိုက်ရသည်။ ကျန်းဟွမ်က ကျန်းဟယ်လင်း ၏ ခေါင်းကို ပွတ်လိုက်ပြီး ကြင်နာစွာပြောလေသည်။
KAMU SEDANG MEMBACA
အကြီးဆုံးသမီး👩
Fiksi UmumEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...