Chapter 12: တကယ်ကိုထူးချွန်တဲ့အမျိုးသမီး
"မိုအာ ၊ ဒီနေ့ ကားက"
မူချန်သည်ဖန်းမိုအာရုတ်တရက်ချမ်းသာလာတဲ့အပေါ်သေမတတ်သိချင်နေခဲ့သည်။
ဒါပေမဲ့ ဖန်းမိုအာသည် သူမရဲ့ ဒီဇိုင်နာအိတ်ကိုကိုင်ကာမတ်တပ်ရပ်လိုက်ပြီး သူ့ဆီကိုလျောက်သွားလိုက်ပြီး
"အလုပ်ဆင်းချိန်ရောက်ပြီ ။ အလုပ်ကိစ္စရှိရင်မနက်ဖြန်မှဆွေးနွေးကြတာပေါ့။ ကိုယ်ရေးကိုယ်တာအကြောင်းကိုတော့မပြောပါနဲ့"
သူမမကြားချင်ပေ။
ပြောပြီးသည်နှင့်ဖန်းမိုအာသည်မူချန်ကိုဖြတ်လျောက်ကာအခန်းထဲမှထွက်သွားလိုက်သည်။
သူမသည်ငါးနာရီတွင်အလုပ်ပြီးသည်။ သူမသည်အရမ်းအချိန်မှန်သည်။
မူချန်သည်သူမနောက်ကိုအလိုလိုလိုက်လာလေသည်။
ဒါပေမဲ့ သူမသည်ဓာတ်လှေကားထဲသို့ဝင်လိုက်သည်နှင့် သူသည်သူမ၏နောက်ကျောကိုသာမြင်ရလေသည်။
သူမလုံးဝလှည့်မကြည့်ခဲ့ပါဘူး။ တခြားဝန်ထမ်းများသည်မူချန်ကိုကြည့်ကာ အကြည့်ချင်းဖလှယ်နေကြသည်။
ဖန်းမိုအာက မူချန်ကိုလိုက်ကပ်ဖို့မကြိုးစားတာကထူးဆန်းမနေသည်လေ။
Pavilion One တွင်
ဖန်းမိုအာသည်ကားပေါ်မှဆင်းလိုက်သည်။ ကြည့်ကောင်းတဲ့စုံတွဲတစ်တွဲသည်လည်းသူမနောက်ရှိကားပေါ်မှဆင်းလာခဲ့သည်။
အဲ့နှစ်ယောက်ကတော့ မူချန်နဲ့ ပိုင်ရုန်တို့ပါ။
မူချန်သည်ဖန်းမိုအာကိုညစာစားဖို့စောစောမဖိတ်နိုင်လိုက်တာကြောင့် စိတ်ပြောင်းကာ ပိုင်ရုန်ကိုအပြင်ထွက်ဖို့ပြောလိုက်တော့သည်။
သီးသန့်ခန်းစာရင်းကြိုပေးထားတာကြောင့်အလကားအဖြစ်မခံနိုင်ဘူးလေ။
သူတို့ရောက်တာနဲ့ ဖန်းမိုအာသည်ဓာတ်လှေကားထဲသို့ဝင်သွားလေသည်။ အပြင်အဆင်ကိုကြည့်လိုက်ကာ သူမကိုစောင့်နေတဲ့ ပွဲကြီးတစ်ခုရှိနေမှာကို သူမသိလိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...