Love Mist ရဲ့ အမျိုးသမီးဇာတ်လိုက်အတွက်လူရွေးပွဲကျင်းပနေရာဟာ ပြင်ဆင်ပြီးဖြစ်သည်။
ပိုင်ရုန်ဟာဒုတိယမြောက်ရောက်လာသူဖြစ်၏
တခြားကုမ္ပဏီကိုယ်စားပြုတဲ့ တခြားသရုပ်ဆောင်တစ်ယောက်လည်းရောက်နေပြီဖြစ်သည်။
သို့သော် ပိုင်ရုန်သည်အမျိုးသမီးဇာတ်လိုက်ဇာတ်ကောင်ကိုသူမရလိမ့်လို့ ယုံကြည့်ချက်အလွန်ရှိနေသည်။ အကြောင်းအရင်းမှာ တခြားသူ၏သရုပ်ဆောင်အရည်အချင်းမှာ ကောင်းသော်လည်း ရုပ်ရည်မှာလိုအပ်ချက်ရှိနေသည်။
love Mist ရဲ့ အမျိုးသမီးဇာတ်လိုက်ဟာ ချိုမြိန်ပြီးနွေးထွေးရမည် ဒါကြောင့်အကြည့်တစ်ချက်နှင့်ပင် ဒါရိုက်တာဝမ်ဟာပိုင်ရုန်ကိုအရမ်းသင့်တော်တယ်လို့ ခံစားမိလိုက်တာဖြစ်သည်။
'ဘာလို့မစသေးတာပါလိမ့်?'
ကြည့်ရတာ ဒါရိုက်တာရယ် ထုတ်လုပ်သူရယ် ရင်းနှီးမြုပ်နှံတွေအကုန်ရောက်နေတာကိုတွေ့လိုက်ပါတယ်။
ပြီးတော့ သရုပ်ဆောင်တွေလည်းရောက်နေပြီဖြစ်သည်။ ကြည့်ရတာလူတိုင်းသည်တစ်ယောက်ယောက်ကိုစောင့်နေပုံပေါ်သည်။
ပိုင်ရုန်သည်ဒါရိုက်တာဝမ်ရဲ့ လက်ထောက်ကို မသိမသာလှမ်းမေးလိုက်သည်။
လက်ထောက်မျက်လုံးတွေဟာအရောင်လက်သွားကာ" တခြားပြိုင်ပွဲဝင်တစ်ယောက်ရှိသေးတယ်"
ပိုင်ရုန်အံ့ဩသွားကာ "အဲ့တာဘယ်သူလဲ?"
လက်ထောက်က " ဖန်မိုအာလေ ။ ဒါရိုက်တာဝမ် ကနောက်ဆုံးမိနစ်မှာစိတ်ပြောင်းသွားပြီးတော့ သူမကိုပါဝင်ဖို့ပြောလိုက်တာပဲ"
လက်ထောက်သည် ကမောက်ကမဖြစ်သွားမည်စိုးရိမ်တာကြောင့် သူမကိုထိုအကြောင်းပြောရန် ခက်ခဲနေခဲ့သည်။
ထိုစကာကြားပြီးနောက်ပိုင်ရုန်ရဲ့ အမူအရာဟာပြောင်းသွားတော့သည်။ 'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?'
အဲ့နောက်တွင် လှပတဲ့ ပုံရိပ်တစ်ခုလျှောက်လှမ်းလာသည်။ အဲ့တာကတော့ လူရွေးပွဲကိုလာတဲ့ ဖန်းမိုအာပါပဲ။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romantizmဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...