Chapter 9: ခက်ခက်ခဲခဲကစားပြနေတာလား?
ဖန်းမိုအာ အံ့ဩသွားကာ
သူမရုပ်ရှင်ရုံရောက်သွားသလိုခံစားလိုက်ရပြီး ထိုင်ကာသူ၏ဖျော်ဖြေမှုကိုကြည့်နေလိုက်သည်။
"ဆန်ကာတင်စာရင်းမဝင်ရင် ဆုံးရှုံးမှုအတွက်ကျွန်မကလျော်ကြေးပေးရမှာလို့ရှင်ပြောချင်တာလား?"
မူချန်သူမကိုယုံကြည်ချက်အပြည့်ဖြင့်ဆူငေါက်နေသကဲ့သို့ပဲ ဖန်းမိုအာသည်ရုတ်တရက်ထပြောလိုက်သည်။ထိုစကားကိုပြောဖို့စီစဉ်ထားတဲ့မူချန်ဟာခေါင်းငြိတ်လိုက်ကာ "မင်းသီချင်းကိုထုတ်မပေးရသေးဘူး"
အခုအချိန်သိပ်မကျန်တော့လေရာ သူသည်ဇာတ်ဝင်သီချင်းနမူနာကို တတ်နိုင်သမျှအမြန်ဆုံးသူ့လက်ထဲရောက်စေချင်နေသည်။
သူသည်လူလိမ်များထဲမှအထူးချွန်ဆုံးသောလူလိမ်ဖြစ်လိမ့်မည်။ ဖန်းမိုအာသည်သူမလျာကိုကိုက်လိုက်မိသည်။
ဤသည်မှာယခင်က မူလဇာတ်ကောင်အနိုင်ကျင့်ခံခဲ့ရသည့်ပုံမျိုးဖြစ်ပုံရသည်။
ဒါပေမဲ့ မူလဇာတ်ကောင်သည် လိုလိုချင်ချင်အပြစ်ပေးခံခဲ့သည်ဖြစ်ရာ ယခုသူမနှင့်မတူတော့ပါ။
ဖန်းမိုအာ တိတ်ဆိတ်သွားကာသူမ၏ခေါင်းကိုငုံလိုက်ပြီး သူမအိတ်ထဲမှ သီချင်းစာရွက်ကိုထုတ်လိုက်သည်။
မူချန်သည် သူမလက်ထဲမှလုယူရန်အရှေ့သို့အမြန်လာလိုက်သည်။
သို့သော်ဖန်းမိုအာသည်သူမလက်ကိုမြှောက်ကာ သူရဲ့လှုပ်ရှားမှုကိုရှောင်လိုက်လေသည်။
သူမက မျက်ခုံးပင့်လိုက်ကာ သူ့ကိုကြည့်လိုက်ရင်း " ဒီသီချင်းကိုမရွေးစရာအကြောင်းအရင်းမရှိဘူး၊ ဒါပေမဲ့ ကုမ္ပဏီရဲ့ ထိပ်တန်းတေးရေးဆရာတစ်ယောက်အနနဲ့ ကျွန်မဒီသီချင်းရဲ့ ဝေစု 90% လိုချင်တယ်။"
ဒီသီချင်းကို အရင်လွှဲပေးလိုက်လျှင်သူမတပြားတစ်ကျပ်မှ ရမည်မဟုတ်သည်ကိုသူမသိသောကြောင့်ဖြစ်သည်။
သူမသည်ချမ်းသာသော်လည်း ထိုအရာကြောင့်ပင်စိတ်ဖိစီးနေရဆဲဖြစ်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Roman d'amourဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...