Chapter 56: ရှယ်ယာများပြန်ယူခြင်း
ဖန်းမိုအာမှာ သူ့ကိုထောင်ထဲကိုတိုက်ရိုက်ပို့နိုင်လောက်သည့် အချက်အလက်တွေရှိနေသည်ကို မူချန်သိသဖြင့် အလွန်ကြောက်နေသည်။
သို့သော် ဒုတိယအတွေးကတော့ သူမက သူ့ကိုအရမ်းချစ်နေသေးတာကြောင့် သူမက သူ့ကိုနာကျင်စေမယ့်အရာတွေကိုလုပ်မှာမဟုတ်ဘူးလို့ယုံကြည်နေခဲ့သည်။
သေချာသလောက်ပါပဲ။ သူ့အတွေးတွေကို ချက်ချင်းပဲ အတည်ပြုလိုက်သည်။
"ဒီအချက်အလက်တွေ မရှိချင်ယောင်ဆောင်ပေးလို့မရတာတော့မဟုတ်ဘူး"
မူချန်က စိတ်ထဲမှာပဲ သက်ပြင်းချလိုက်မိတယ်။ သို့သော် နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ အသက်ရှူသံတွေဟာဖန်းမိုအာရဲ့ မယဉ်ကျေးတဲ့ တောင်းဆိုချက်ကိုကြားလိုက်တဲ့အခါတော့ ပိုပြီးလေးလံလာတော့တယ်။
ဖန်းမိုအာက လက်ကို ခုံပေါ်ကိုထောက်လိုက်ပြီး မူချန်ရဲ့ နေရာကိုယူဖို့ဆုံးဖြတ်ထားတဲ့အတိုင်း သူမရဲ့ မျက်လုံးတွေဟာတစ်လက်လက်တောက်ပနေတယ်။ "ရှင်ကျွန်မကို ကုမ္ပဏီရှယ်ယာ 24 % ပေးမယ်ဆိုရင်တော့ ဒီကိစ္စကိုပုံကြီးမချဲ့တော့ဘူး။ သေချာတာကတော့ ဒီရှယ်ယာတွေက အရင်ကတည်းက ကျွန်မဟာတွေပဲမဟုတ်ဘူးလား?"
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မူချန်က သူမရဲ့ အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုအကုန်လုံးကို လိမ်ညာပြီး ယူထားခဲ့သည်။
ဘာမှမရှိတဲ့ ကတိနည်းနည်းလေးနဲ့ သူတို့သဘောတူထားတဲ့ ရှယ်ယာ50% ကို သူမကိုပေးရဦးမည်ဖြစ်သည်။
သုံးနှစ်မှာ ကုန်လွန်သွားပြီဖြစ်ပေမဲ့ မူချန်က ပေးချင်ရင်တောင်ပဲ အခုတော့ 50% ရှယ်ကိုကို ပေးမှာမဟုတ်တော့ဘူး။ ကုမ္ပဏီက လူသိများလာပြီဆိုကတည်းက ရှယ်ယာအများစုကို ဈေးကွက်မှာတင်ထားပြီးဖြစ်သည်။
မူချန်တွင် 47%သာရှိတော့သည်။ သို့သော် သူသည်အကြီးဆုံးရှယ်ယာရှင်ဖြစ်နေဆဲဖြစ်သည်။
ဖန်းမိုအာက 24% ကိုသာလိုချင်ခဲ့ပြီး မူချန်ထက်ရာထူးပိုကြီးဖို့ သူ့ထက် 1%ပိုများသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romantizmဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...