Chapter 37: ၉၉ကြိမ်မြောက်ပြန်လည်ကြိုးစားခြင်း
ဖန်းမိုအာ သည် အဝတ်အစားရွေးရန် အင်္ကျီဆိုင်ကို သွားခဲ့သည်။
အဲဒီနောက်မှာတော့ သူမရဲ့ လက်ထောက်ကို ပုံမှန်အ၀တ်အစားပြန်လဲတုန်းမှာသူမကို ထွက်သွားဖို့ ပြောလိုက်တယ်။ သူမကပုံဆွဲဘုတ်ရွေးဖို့ ကုန်တိုက်ကိုသွားခဲ့တယ်။
ကာတွန်းဆရာတစ်ယောက်အတွက် မှန်ကန်တဲ့ပစ္စည်းမရှိရင် ခေါင်းကိုက်ရလိမ့်မယ်။
သူမ ၀တ်စုံကို ရွေးပြီးတဲ့နောက် ဖန်းမိုအာသည် ကုမ္ပဏီသို့ ပြန်လာခဲ့သည်။
သို့သော် တစ်စုံတစ်ယောက်သည် သူမ၏ရုံးခန်းတွင် စောင့်နေပြီဖြစ်သည်။
အခြားလုပ်ဖော်ကိုင်ဖက်များက ဖန်းမိုအာကုမ္ပဏီသို့ နောက်ကျမှရောက်လာသည်ကို မြင်တဲ့အခါမှာတော့ သူတို့သည် ပွဲကောင်းတစ်ပွဲကို မျှော်လင့်နေပုံရသည်။
ဒီရက်ပိုင်း ဖန်းမိုအာသည် အလုပ်နောက်ကျမှလာပြီးစောစောပြန်သွားရင်တောင်ပြဿနာမဟုတ်ပါဘူး။
သို့သော်လည်း ယခုအချိန်တွင် new talent list သည် နီးကပ်လာသော်လည်း
ဖန်းမိုအသည် သံစဉ်ပင်မထုတ်ရသေးပေ။
ယနေ့တွင် ဖန်းမိုအာမပေါ်လာသေးသည်ကိုဌာနမှူးချီး မြင်သောအခါ၊ သူသည် ကွက်တိဖြစ်သွားသည်။
သူသည် ဌာနရှိလူတိုင်းကို အချိန်ပိုဆင်းပြီး New Talent chartရဲ့ထိပ်တန်း (၃)ယောက်ကို ဝင်နိုင်မဲ့ သီချင်းအသစ်တစ်ပုဒ်ရေးရန် အချိန်ပိုလုပ်ခိုင်းခဲ့သည်။
ဖန်းမိုအာသည် လေထုအခြေအနေမူမမှန်သည်ကို သတိပြုမိသည်။
သူမရဲ့ရုံးခန်းတံခါးကို ကျယ်ကျယ်ဖွင့်ထားတယ်။
သူမသည် အလုပ်နှင့်မဆိုင်သော ကိုယ်ပိုင်ပစ္စည်းများကို ဆောင်ထားဆဲဖြစ်သည်။
သူမ ရုတ်တရက် ဝမ်းနဲသွားသည်။
သေချာပါတယ်၊ သူမရုံးခန်းထဲမှာတော့ ဌာနမှူးချီးသည် လေးနက်တဲ့အမူအရာနဲ့ သူမစားပွဲရှေ့မှာ ထိုင်နေသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...