Chapter 36

869 54 1
                                    

Chapter 36

မူချန်သည်ပိုင်ရုန်လေ့ကျင့်နေသည်ကိုအဖော်လုပ်ပေးနိင်သည်အထိအားနေမည်ဟုဖန်းမိုအာမထင်ထားခဲ့ပေ။

သူတို့နှစ်ယောက်အစမ်းလေ့ကျင့်နေချိန်တွင် Veiled Queen ဖြတ်သွားသည်ကိုမြင်လိုက်ရသည်။

သူတို့ထဲမှတစ်ယောက်သည်ရန်လိုနေသောမျက်လုံးများနှင့်ကြည့်နေပြီး တစ်ခြားတစ်ယောက်သည်တော့ အရမ်းစိတ်ဝင်စားနေပုံရသည်။

မူချန်သည်မသိစိတ်မှသူ့ကိုလှုံ့ဆော်လိုက်သည်။ သူသည်Veiled Queen နဲ့စာချုပ်ချုပ်ဖို့အခွင့်အရေးမရှိတော့မည်ကိုသူစိုးရိမ်နေခဲ့သည်။ သူဒီနေ့ပိုင်ရုန်နဲ့လိုက်လာရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုကတော့ ဒီကိစ္စပါပဲ။

ပိုင်ရုန်၏မျက်နှာသည်မူလကချိုမြန်နေပြီး မူချန်ရဲ့ပုံမှန်မဟုတ်တဲ့ပုံစံကိုမြင်လိုက်တဲ့အခါမှာတော့ သူမသည်ရှေ့ကိုလှမ်းတတ်လိုက်ကာ မူချန်ရဲ့လက်မောင်းကိုဆွဲလိုက်သည်။

"အကိုမူချန်၊ ရှင်ဒီနေ့ညီမကိုလိုက်ပြီးအဖော်လုပ်ပေးလို့ညီမအရမ်းပျော်တာပဲ။ ဒါပေမဲ့ ကုမ္ပဏီမှာရှင်ဖြေရှင်းဖို့လိုအပ်တဲ့ကိစ္စတွေအများရှိနေသေးတယ်လေ။ ဒါကြောင့်အကိုကို ညီမမနှောင့်ယှက်ချင်တော့ဘူး။ ဘာလို့ရုံးခန်းကိုအရင်မပြန်လိုက်တာလဲ?"

သို့သော်မူချန်သည်ထွက်သွားရန်ဆန္ဒမရှိခဲ့ပေ။

သူ့တွင် Veiled Queen နှင့်ဆွေးနွေးရန်ကိစ္စရှိနေသေးသည်။

"ရပါတယ်၊ မင်းစင်ပေါ်တတ်ပြီး အရင်အစမ်းလေ့ကျင့်လိုက်။ ကိုယ်မင်းကိုစောင့်နေမယ်" မူချန်သည်သူမစင်ပေါ်တတ်နေတုန်းမှာ Veiled Queen ၏ကျောကိုကြည့်နေသည်။

ပိုင်ရုန်သည်စင်ပေါ်တတ်ပြီးအစမ်းလေ့ကျင့်ဖို့ပြောလိုက်ပြီး သူသည်စင်အောက်တွင်ရပ်နေလိုက်သည်။

သို့ပေမဲ့ သူ့ရဲ့အကြည့်တွေကတော့ Veiled Queenကို အဆက်မပြတ်ကြည့်လို့နေတယ်။

ဒီအနုပညာရှင်ကိုလက်တွေ့မှာတွေ့ရတာဟာသူ့အတွက်ပထမဆုံးအကြိမ်ပါ။ မမျှော်လင့်ထားပါပဲ သူမရဲ့ လှုပ်ရှားမှုတွေက နာမည်ကြီးတွေရဲ့ အရှိန်အဝါအပြည့်ရှိလို့နေတယ်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now