Chapter 84

290 19 1
                                    

ထုတ်လုပ်ရေးအဖွဲ့တွင်

ဖန်းမိုအာသည် လျန်ချီးနှင့်အစမ်းလေ့ကျင့်နေစဉ်တွင် ပိုင်ရုန်ရဲ့ ဖုန်းဝင်လာလေသည်။

ဖန်းမိုအာလျှောက်သွားလိုက်တဲ့အခါ သူမရဲ့ပတ်လည်မှ ချီးကျူးမှုအသံများကိုကြားလိုက်ရသည်။

ပိုင်ရုန်ရဲ့လက်ထောက်ကပြုံးလိုက်ပြီး "ဒီတစ်ခါတော့ တဖက်က အမပိုင်ကို ပြောရေးဆိုခွင့်ရှိသူ လူရွေးပွဲကိုတတ်ဖို့ အထူးဖိတ်ကြားတာပဲ။ တဖက်က မူမိသားစုနဲ့စီးပွားရေးလုပ်နေတဲ့လူတွေလေ။ အခြေအနေအတူတူဆိုတော့ တဖက်က အမပိုင်ကိုပိုပြိးရွေးဖို့သေချာလိမ့်မယ်"

ဘေးပတ်ပတ်လည်မှ ဝန်ထမ်းများသည် စိတ်ဝင်စားစရာကောင်းကို နားလည်လိုက်တော့သည်။ Chanel ရဲ့ တာဝန်ရှိသူက ပိုင်ရုံကိုအရမ်းကြိုက်တဲ့ပုဲပေါ်သည်။

ပိုင်ရုန်က ဒါရိုက်တာဝမ်ကို " ဒါရိုက်တာဝမ် ၊ ကျွန်မမနက်ဖြန်နေ့လည် မအားလောက်ဘူး။ ကျွန်မရဲ့အခန်းကိုရွှေ့လို့ရမလား?"

ဒါရိုက်တာဝမ်က နားလည်မှုနဲ့ "သေချာတာပေါ့ ငါတို့တခြားအခန်းကို မနက်ဖြန်နေ့လည်ရိုက်လိုက်မယ်"

ပိုင်ရုန်ရဲ့မျက်နှာတွင် အပြုံးတစ်ပွင့်ရှိကာ ထွက်သွားလိုက်သည်။ ဖန်းမိုအာသည်လည်း ဒါရိုက်တာဝမ်ဆီကိုသွားလိုက်ကာ "ဒါရိုက်တာဝမ် ကျွန်မလည်း မနက်ဖန်နေ့လည် သွားစရာရှိတယ်။ တခြားအခန်းကိုအရင်ရိုက်လိုက်လို့ရမလား?"

ဒါရိုက်တာဝမ်သည် သူမကိုအံဩနေတဲ့အကြည့်နဲ့ကြည့်လိုက်ကာ" ဘယ်လိုတောင်တိုက်ဆိုင်တာလဲ၊ မင်းတို့နှစ်ယောက်လုံးတစ်ချိန်တည်းမှာ အလုပ်ရှိနေကြတယ်"

"ဟုတ်တယ် ဟုတ်တယ် ဖန်းမိုအာက လျန်ချီးရှိတဲ့ဘက်ကိုညွှန်လိုက်ပြီး ကံကောင်းတာက လျန်ချီးရှိနေတာပဲ ဒီတော့ သူ့အခန်းကိုအရင်ရိုက်လိုက်ပါ"

လျန်ချီး"......"

အမျိုးသမီဇာတ်လိုက်နဲ့ ဒုတိယအမျိုးသမီးဇာတ်လိုက်နှစ်ယောက်လုံးမရှိတာကြောင့် သူတစ်ယောက်တည်း one man show လုပ်ရတော့မှာပေါ့။

ပိုင်ရုန်ရဲ့လက်ထောက်သည် အမြန်ပြေးသွားကာ ပိုင်ရုန်ကို ဖန်းမိုအာလည်း ပျက်ကွက်မဲ့အကြောင်းကိုပြောလိုက်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now