Chapter 32: သီချင်းရေးဆရာတွေကအရမ်းမိုက်တယ်။

982 57 2
                                    

Chapter 32: သီချင်းရေးဆရာတွေကအရမ်းမိုက်တယ်။

ထုံးစံအတိုင်းပိုင်ရုန်ရဲ့အမူအရာကသာယာမနေဘူး။ သီချင်းရေးဌာနမှဝန်ထမ်းတွေကို "ဒီနေ့ဖန်မိုအာကုမ္ပဏီကိုလာရင် ကျွန်မကိုချက်ချင်းလာတွေ့ဖို့ပြောလိုက်ပါ"

သူမအတွက်ဖန်းမိုအာကိုသီချင်းဆိုပေးဖို့မတောင်းဆိုဘူးဆိုရင် ဖန်းမိုအာနာမည်ကြီးလာမှာမဟုတ်ဘူး။

သူမပိုင်တဲ့သီချင်းကိုတကယ်ကြီးလုသွားမယ်လို့ဘယ်သူထင်မှာလဲ?

ပိုင်ရုန်ဒေါသထွက်နေသည်။ သို့သော် ဖန်းမိုအာက The Veiled Queen ဆိုတာကိုတော့ တခြားသူတွေကိုအသိမခံရဲပေ။

ပိုင်ရုန်သည် သီချင်းဇယားကိုစိတ်ဖီးစီးနေတဲ့မျက်နှာအမူအရာနဲ့ကြည့်လိုက်တယ်။

ရုတ်တရက် သူမရဲ့လက်ထောက်ကိုကြည့်ကာ "The Veiled Queen ရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းစေမဲ့နည်းလမ်းကိုစဉ်းစားကြည့်ဦး"

လက်ထောက်သည်လည်းThe Veiled Queen ဘယ်သူလဲဆိုတာကိုသိသည်။ သူမရဲ့အချက်အလက်ကိုသိတဲ့တခြားသူတွေကလည်း ပိုင်ရုန်ကပိုက်ဆံပေးထားပြီး တိတ်တိတ်လေးအလုပ်ထုတ်ပြီးဖြစ်သည်။

လက်ထောက်က "ညီမပိုင် ငါတို့ပရိသတ်တွေရဲ့သွေးထိုးလို့ရတယ်။ တချို့ပရိတ်သတ်တွေက ဖန်းမိုအာရဲ့ Weibo ကိုသဘိတ်မှောက်နေကြပြီ။"

"အဲ့အပြင်၊ ဘာပဲဖြစ်ဖြစ် The Veiled Queen ကမင်းရဲ့ အစားထိုးဖြစ်ခဲ့တာလေ။ အစားထိုးက အဓိကရဲ့သီချင်းကိုခိုးယူတာကိုသည်းမခံနိုင်ဘူးလေ။ ဖန်တွေကငါတို့ဘက်ကသေချာပေါက်ရှိနေမှာပဲ"

ပိုင်ရုန်ကခေါင်းညိတ်လိုက်ကာ "ဒါဆိုနင့်ကိုအပ်ထားလိုက်ပြီ"

ဖန်းမိုအာ ရုံးခန်းကိုရောက်တာနဲ့ သူမကိုမမြင်သလိုဆက်ဆံကြတဲ့ ဝန်ထမ်းတွေကသူ့ကိုအံအားသင့်စွာပဲ သူမကိုအာရုံစိုက်နေကြတယ်။

အတော်ဆုံးဂီတရေးစပ်တဲ့သူတွေရဲ့အလုပ်ချိန်ကအရမ်းကိုလိုက်လျောညီထွေရှိသည်။ သူမနောက်ကျလို့တော့မဟုတ်လောက်ဘူး။

ဖန်းမိုအာ စိတ်ရှုပ်ထွေးနေချိန်မှာပဲ ဝန်ထမ်းတစ်ယောက်က သူမဆီကို လျှောက်လာပြီး "မစ္စပိုင်က မင်းသူ့ကို လာရှာဖို့ပြောသွားတယ်"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now