Chapter 23: ခွေးကောင်ငါ့ကိုမကြည့်စမ်းနဲ့

1K 63 5
                                    

Chapter 23: ခွေးကောင်ငါ့ကိုမကြည့်စမ်းနဲ့

လုပ်ဖော်ကိုင်ဖက် 1 - "ဒါကနတ်ဘုရာမပိုင်ရဲ့ မျှော်လင့်ချက်ပဲ ။ဒီဇာတ်ဝင်သီချင်းအတွက်အနုပညာရှင် ဘယ်နှစ်ယောက်တောင် ဝင်ပြိုင်ခဲ့တယ်ဆိုတာဘယ်သူသိမလဲ။ နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်တဲ့ရွေးချယ်ပွဲမှာ ရွေးခံရဖို့ဆိုရင် သူမရဲ့အရည်အချင်းက ထိပ်တန်းအဆင့်ဖြစ်နေရမယ်လို့ဆိုလိုတာပဲ"

လုပ်ဖော်ကိုင်ဖက် 2 -" သူမရဲ့ ဖျော်ဖြေပွဲမှာ မဖျော်ဖြေလိုက်ရတာနှမြောစရာဆိုပေမဲ့ သူမရဲ့ အရည်အချင်းတွေက သူမက ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ်သတ်မှတ်နိုင်တယ်"

လုပ်ဖော်ကိုင်ဖက် 3 -" ငါပိုင်ရုန်ရဲ့ ဖန်ဖြစ်နေတာကြာပြီ ။ သူမရဲ့ သီချင်းအကုန်လုံးက အရမ်းနားထောင်လို့ကောင်းတယ်။ ငါအကြိမ်ရေအများကြီးနားထောင်ခဲ့ပြီးပြီ"

ဖန်းမိုအာ သူတို့ကိုဖြတ်လျှောက်သွားစဉ် သူမသည် မမြင်ရသည့်လူလိုဖြစ်နေသည်။ သူမ၏တည်ရှိသည် မည်သူတစ်ဦးတစ်ယောက်၏အာရုံကိုမျှမဆွဲဆောင်ခဲ့ပေ။

ပိုင်ရုန်ဆိုထားသော သီချင်းကောင်းများကို ဖန်းမိုအာရေးထားသည်ကိုတော့ လူတိုင်းမေ့သွားပုံရသည်။

သူတို့သည် ဉာဏ်ကြီးရှင်သီချင်းရေးဆရာသည် ဤနေရာတွင်ရှိနေသည်ိကုလူတိုင်းသည်မျက်ကွယ်ပြုထားကြသည်။

အဲ့ဒီအစားသူတို့သည်အရ့ည်အချင်းမရှိသည်ံ မျက်နှာနှစ်ဖက်နှင့် အမျိုးသမီးကို ထောက်ပံ့နေကြသည်။

ဖန်းမိုအာသည် ပြောစရာစကားမရှိဖြစ်သွားသည်။

သူမသည် အမျိုးသမီးဇာတ်ဆောင်၏အော်ရာသည်မည်မျှတောက်ပနေသည်ကိုသူမကိုသက်ပြင်းချကာ ရုံးခန်းထဲသို့တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။

နေ့လယ်အလုပ်ဆင်းခါနီးတွင် ဖန်းမိုအာသည်ရှီမို၏လက်ထောက်ဆီမှဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့သည်။

စာချုပ်အဆင့်သင့်ဖြစ်ပြီလို့ သူကပြောလာခဲ့၏

"ဥက္ကဌကတော် စာချုပ်ချုပ်ဖို့ဘယ်အချိန်လာဖို့အဆင်ပြေလောက်လဲ?"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now