Chapter 71:

828 40 1
                                    

ထိုညတွင်ဖန်းမိုအာသည် စာကြည့်ခန်းထဲတွင် ဇာတ်ညွှန်းဖတ်နေခဲ့သည်။ တခြားအဖွဲ့များ အဆင်သင့်ဖြစ်ပြီဆိုမှသာ သူမသည်စတင်ရိုက်ကူးရန်သာရှိသည်။

ထိုညတွင် Love Mist ၏ထုတ်လုပ်ရေးအဖွဲ့သည် သူတို့၏တရားဝင် weibo အကောင့်တွင် အမျိုးသမီးဇာတ်လိုက်နှင့် ဒုတိယအမျိုးသမီးဇာတ်လိုက်နာမည်များကို ထုတ်ပြန်ခဲ့သည်။

ရလာဒ်ကတော့ သေချာပေါက် လူတိုင်းကိုရှော့ရသွားစေတာပေါ့။

"ဒါကမှားနေတာများလား? ဖန်းမိုအာက သီချင်းရေးဆရာမဟုတ်ဘူးလား? ဘာလို့သူမကသရုပ်ဆောင်တာလဲ?"

"ပိုပြီးအံ့ဩစရာကသူမကအမျိုးသမီးဇာတ်လိုက်တဲ့? သူမလိုလူသစ်တစ်ယောက်ကဘယ်လိုဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်ဖြစ်နိုင်တာလဲ?"

"ငါကြားတာကတော့ ဖန်းမိုအာက Creative Entertainment ကနေထွက်လာပြီး အဲ့ကုမ္ပဏီရဲ့အဓိကရှယ်ယာရှင်တစ်ယောက်တဲ့။ အခုသူမကသရုပ်ဆောင်လည်းဖြစ်နေပြီ။ အဲ့တာကသူမ မုန်းတယ်ဆိုတဲ့အရာကိုအဲ့လောက်တောင်ချစ်တာလား? သူမက ပိုင်ရုန်ကိုလက်စားချေ နေတယ်ဆိုတာရှင်းလွန်းတယ်။"

"အဲ့နှစ်ယောက်လုံးက ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ထဲမှာပဲ။ သူတို့နှစ်ယောက်ရန်ဖြစ်လောက်လား?"

ဖန်းမိုအာသည် မူချန်ကိုချစ်နေသည်ကိုလူတိုင်းသိကြသည်။ ပြီးတော့အခုသူမသည် ရုတ်တရပ်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ သေချာပေါက် သူမပိုင်ရုန်နဲ့ပြိုင်ဖို့ ကြိုးစားနေတာပဲ။

သို့ပေမဲ့ သူမ မတော်တဲ့နယ်ပယ်တစ်ခုထဲကိုဝင်ဖို့အရွေးမခံရသေးခင်အထိတော့ သူမသည်သီချင်းရေးဆရာဖြစ်တယ်ဆိုတာကတော့ သေချာသည်။

လူတိုင်းသည် ဖန်းမိုအာ၏သတ္တိကိုသဘောကျနေကြသော်လည်း သူတို့အားလုံးသည် သူမသည်သေခြင်းတရားကိုမြတ်နိုးသည်ဟု ခံစားနေကြရသည်။

ရုပ်ရှင်လွှင့်သည့်အခါတွင် သေချာပေါက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ဂီတနယ်ပယ်ထဲကဖန်းမိုအာရဲ့ သူငယ်ချင်းကောင်းတွေဟာ စာနာသည့် မက်ဆေ့ချ်များပို့လာကြသည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now