Chapter 33: စင်ပေါ်မှာနှစ်ယောက်ပြိုင်ကြမယ်
လက်ထောက်ယုဟာမည်းမှောင်နေသောအကြည့်ကိုတွေ့လိုက်သောအခါတွင် သူသည် မနေနိုင်တော့ပဲတံတွေးမျိုချလိုက်ကာ ဥက္ကဌ ရှီ၊ ကျွန်တော့်ကိုတစ်ခုခုလုပ်ခိုင်းစရာရှိလားခင်ဗျ?
ရှီမိုက သူ့ဖုန်းကိုချလိုက်ပြီး အသံနက်ဖြင့်ပြောလိုက်တယ် "သူမကငါတို့ ကုမ္ပဏီခွဲနဲ့ ချုပ်ချုပ်ထားတာမလား?
သူမအင်တာနက်ပေါ်မှာ အပြစ်တင်ခံရနေရတာကို ကုမ္ပဏီခွဲက ဘာသတင်းမှ မကြားရသေးတာလဲ။?"
လက်ထောက်ယု"...."
ထိုမှသာသူကိုယ်တိုင် ဖန်းမိုအာကိုအသံသွင်းရန်ခေါ်သွားပေးခဲ့ပေမဲ့ သူမအတွက်မန်နေဂျာမစီစဉ်ပေးရသေးသည်ကိုသတိရတော့သည်။ ကုမ္ပဏီခွဲသည်လည်း Veiled Queen နှင့်စာချုပ်ချုပ်ပြီးမှသိခဲ့ခြင်းဖြစ်သည်။
သူမသည်လူသစ်ဖြစ်သဖြင့်စိုးရိမ်ရန်မလိုသေးဟုသူထင်နေခဲ့သည်။
ဒီလိုတော့...
"ဘယ်လို? ဥက္ကဌကတော်ကအင်တာနက်ပေါ်မှာအနိုင်ကျင့်ခံရတာလား?" လက်ထောက်ယုသည်လည်း အရမ်းသိချင်နေသည်။
ရှိမိုသည်သူ့ကိုအဖြေပြန်မပေးပေ။
လက်ထောက်ယုက "သူမအတွက် မန်နေဂျာတစ်ယောက်ကို မြန်နိုင်သမျှ အမြန်ဆုံး ခန့်ဖို့ စီစဉ်ပြီး PR အဖွဲ့ကို ကိုင်တွယ်ခိုင်းလိုက်ပါမယ်"
ရှီမိုက ခဏလောက်စဉ်းစားပြီး သူ့လက်သီးဆုပ်လိုက်ပြီး "ကုမ္ပဏီခွဲကပိုင်ရုန်ကို ဒီသီချင်းအတူတူဆိုဖို့ ဖိတ်ခိုင်းလိုက်" လို့ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
လက်ထောက်ယု- "ဥက္ကဌရှီ၊ သူတို့နှစ်ယောက်လုံးကို စင်ပေါ်မှာ ယှဉ်ပြိုင်ခိုင်းမယ်လို့ပြောနေတာလား?"
ကားထဲတွင်တော့ရှီမိုသည်ပြန်မဖြေသဖြင့် ထိုအရာမှာတိတ်ဆိတ်ခြင်းသည်ဘောတူသည်ဟုဆိုလိုခြင်းဖြစ်သည်။
"ဟုတ်တယ်။ ဥက္ကဌရဲ့ဇနီးကအမြဲတမ်းအစားထိုးဆိုပြီးဖြစ်ခဲ့တာ။ ဒီအချိန်ကအဲ့နာမည်ကိုဖယ်ဖို့အခွင့်အရေးကောင်းပဲ။ မဟုတ်ရင် တခြားအဆိုတော်တွေရဲ့အရိပ်ထဲမှာပဲရှိနေလိမ့်မယ်။" လက်ထောက်ယုသည်ဥက္ကဌ၏စကားနောက်ကွယ်မှ အဓိပ္ပာယ်ကိုနားလည်ပုံရသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...