Chapter 58: မနာလိုခြင်း
ဖန်းမိုအာ ကားအကောင်းစားထဲကိုဝင်လိုက်ပြီးနောက် သူမကကားမောင်းသမားကို Star Dream Eraရုံးချုပ် ကို ပို့ပေးဖို့ ပြောလိုက်တယ်။
အခုလောက်ဆို ရှီမို အစည်းအဝေးပြီးလောက်ပြီဆိုတော့ သူ့ကိုမပြောပဲ စပရိုက်ဖြစ်အောင်လုပ်ရမယ်။
သူမ မသိတာကတော့ တော့ ရှီမို ရုံးခန်းထဲဝင်လာတဲ့အချိန်မှာ ဘယ်သူမှမရှိနေတာကိုမြင်လိုက်ပြီး သူ့ရဲ့ အမူအရာပြောင်းသွားတာကိုပါပဲ။
လက်ထောက်ယုသည်သူကို တင်ပြလေသည် "ဥက္ကဌကတော်က ကုမ္ပဏီကိုပြန်သွားဖို့လိုတယ်လို့ပြောသွားပါတယ်"
ရှီမိုက သူ့စားပွဲဆီကိုသွားလိုက်ပြီး တိတ်ဆိတ်စွာပဲ ထိုင်လိုက်တယ်။ စာရွက်စာတမ်းအချို့ကို လှန်ကြည့်လိုက်ပြီး မကျေနပ်တဲ့ပုံစံအပြည့်ရှိနေသည်။
သူမတွင် မူချန်အပေါ်ဘာခံစားချက်မှာမရှိတော့သည်ကိုသူသိသည်။ ဒါပေမဲ့ သူ့ကိုသွားတွေ့မည်ကိုသိနေတာကြောင့် သူ့ကိုမပျော်ရွှင်စေပါ။
အဲ့အချိန်မှာပဲ ဖန်းမိုအာကဥက္ကဌရုံးခန်းထဲကို ပြန်လာနေပြီဖြစ်ကာ ရှီမိုသည် နာရီဝက်ကြာအောင်ထိုင်စောင့်နေခဲ့သည်။ သူမကိုစောင့်ရန် အရေးကြီးသည့် အစည်းအဝေးများကိုပင် ဖျက်ပစ်ခဲ့သည်။
သူမပြန်လာတဲ့အခါမှာတော့ သူမဟာအရမ်းကိုလန်းဆန်းလို့နေတယ်။
"ယောင်္ကျား၊ ကျွန်မဒီနေ့ဘာရခဲ့လဲမှန်ကြည့်ကြည့်?"
ရှီမိုကခေါင်းမော့လိုက်ပြီး အလွန်ငြိမ်သက်စွာနဲ့ "အဲ့ဒါဘာလဲ?"
ဖန်းမိုအာက စာချုပ်ကို ပေးလိုက်ပြီး "ရှင်ကြည့်လိုက်ရင် သိလိမ့်မယ်"
ရှီမိုသည် နှလုံးသားထဲတွင် မနာလိုဖြစ်နေပြီး စာချုပ်ကိုဖွင့်ကြည့်လိုက်သည်။ ရှယ်ယာ 20% လွှဲပြောင်းထားကြောင်းနဲ့ စာချုပ်တွင် ဖန်းမိုအာ နဲ့ မူချန်တို့ရဲ့ လက်မှတ်နှစ်ခုလုံးပါနေတာကိုတွေ့လိုက်ရသည်။
ရှီမိုက နှစ်ယောက်သားရဲ့လက်မှတ်တွေဟာဘေးချင်းကပ်ရပ် ထိုးထားတာကိုတွေ့လိုက်ပြီး မပျော်မရွှင်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...