Chapter 39

857 56 3
                                    

Chapter 39

ဖန်းမိုအာသည်အမူအရာမပျက်ပဲ "မင်းမလုပ်နိုင်တာနဲ့ပဲ တခြားသူမလုပ်နိုင်ဘူးလို့ပြောလို့မရဘူး၊ နောက်တစ်ယောက်"

ထင်ထားတဲ့အတိုင်းပါပဲ ဒုတိယတစ်ယောက်လည်း အရင်တစ်ယောက်လိုပါပဲ။ သီချင်းဆိုလိုက်တာနဲ့ မျက်နှာကနီရဲလာတော့သည်။

အရမ်းကြောက်ဖို့ကောင်းသည်။

အဆိုတော်နှစ်ယောက်ကတစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ကျေးဇူးတင်စကားပြောလိုက်ကြသည်။

တတိယတစ်ယောက်ကတော့ သာမန်အသွင်အပြင်သာရှိသည်။

သူမသည်နားကြပ်တပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ

"စန္ဒကူးပင်၊ အော်စမန်၊ မြက်၊ ခေါင်းလောင်းပန်း၊ ရှောက်ပင်၊ လေထဲမှာ လွင့်မြော၊ အဝေးသို့ လွင့်မြောကာ စကြာဝဠာကိုလွင့်မြောသွားသည်..."

သူမသည်ရှည်လျားတဲ့စာသားကိုဆက်တိုက်ဆိုနေခဲ့သည်။

ပထမစစကားလုံးမှ နောက်ဆုံးစကားလုံးအထိ အသက်ရှူသံသည် အတူတူပင်ဖြစ်သည်။

ဖန်းမိုအာ၏မျက်လုံးများတောက်ပလာသည်။ သူမသည်ခေါင်းငုံ့လိုက်ကာ ထိုကောင်မလေး၏ကိုယ်ရေးအကျဉ်းကိုကြည့်လိုက်သည် " ရှားကျီ၊ အသက် 20 ၊ ဂီတမေဂျာ"

လောလောဆယ်တော့ တခြားအလုပ်မရှိသေးပေ။

အစကတော့ဘယ်သူမှမယုံကြပေ။

သို့သော် ရှားကျီရဲ့ဖျော်ဖြေမှုကိုနားထောင်ပြီးတဲ့နောက်မှာတော့ သူတို့အားလုံးစကားမပြောနိုင်လောက်အောင် ရှက်သွားကြသည်။

မြန်မြန်ဆန်ဆန်ပါးအရိုက်ခံလိုက်ရသလိုပင်။

စတုတ္ထမြောက်အဆိုတော်သည်မဆိုတော့ပဲ လက်လျော့လိုက်တော့၏။

ဖန်းမိုအာက "ဂုဏ်ယူပါတယ်၊ ဒီသီချင်းကမင်းအတွက်ပဲ"

ရှားကျီသည်အံ့အားသင့်စွာပဲ ဖန်းမိုအာကိုကြည့်လိုက်ကာ" ကျေးဇူးတင်ပါတယ်ဆရာမဖန်း"

ဒီသီချင်းကအရမ်းကောင်းတဲ့သီချင်းဖြစ်ပြီးတော့ သူမလိုလူသစ်လေးကိုဆိုခွင့်ပေးခဲ့သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now