Chapter 19: စင်ပေါ်ကဘယ်သူလဲ?
မကြာခင်မှာတော့ တိုက်ရိုက်ထုတ်လွှင့်မှုသည် သူမ၏ပရိသတ်အဖွဲ့ထဲသို့ပြန့်နှံ့သွားလေသည်။
"ပိုင်ရုန်ကသူမရဲ့ကိုယ်ပိုင်ဖျော်ဖြေပွဲကိုကြည့်နေတယ်" ဆိုတဲ့တိုက်ရိုက်ထုတ်လွှင့်မှု လင့်ခ် သည် သူမ၏ပရိတ်သတ်များရဲ့ အာရုံကိုလျင်မြန်စွာပဲဆွဲဆောင်သွား၏
"မဖြစ်နိုင်ဘူး။ ဒါကတကယ့်နတ်သမီးလေ"
"ဒါဆို အခုစင်ပေါ်မှာရှိနေတာဘယ်သူလဲ?"
"စင်ပေါ်ကတစ်ယောက်က နတ်သမီးထက်အရပ်ပိုရှည်တာကို နင်တိုသတိထားမိကြလား?"
"အခုမှကောင်းကောင်းသတိထားမိတော့တယ်။ စင်ပေါ်ကသူကအယောင်ဆောင်ပဲ။ ဘာတေဖြစ်နေတာလဲ?"
"ဘာလို့နတ်သမီးက ကိုယ်တိုင်စင်ပေါ်မတတ်တာလဲ?"
ပရိတ်သတ်များချက်ချင်းပင်ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုသည်မရေတွက်နိင်သောသတင်းအချက်အလက်များဖြင့်ဖုံးအုပ်သွားလေသည်။
ထိုအချိန် ဖျော်ဖြေပွဲတွင်တော့
ဖျော်ဖြေကွင်းထဲရှိပရိသတ်တချို့သည်လည်း ထိုကိစ္စကိုသိနေကြပြီဖြစ်ရာ " ဒါကနတ်သမီးမဟုတ်ဘူး!"
"ဒါဆိုရင် စင်ပေါ်ကဘယ်သူလဲ?"
"နတ်သမီးက စင်ပေါ်ကိုတောင်မတတ်ဘူးလေ"
"ဘုရားရေ ။ ဒါပေမဲ့ သူမသီချင်းဆိုတာအရမ်းကောင်းတာပဲ"
ဖန်းမိုအာသည် ပရိတ်သတ်များကြားတွင်ရုန်းရင်းဆန်ခက်ဖြစ်နေသည်ကိုသတိထားမိလေသည်။
သူမက အမြန်ပဲ သီချင်းဆိုနေတာကိုရပ်လိုက်လေတယ်။
ပရိတ်သတ်များကြားကမောက်ကမတွေကြီးမားလာသည်နှင့်အမျှ သူမသည်ချက်ချင်းပင် ထွက်ပြေးသွားလိုက်သည်။
စင်အောက်မှပရိတ်သတ်တချို့သည် ပုဝါအောက်မှသူကိုသိရှိရန်အတွက် စင်ပေါ်ကိုတွယ်တက်ဖို့ပြုလုပ်လာကြသည်။
စင်ပေါ်တတ်ဖို့ကြိုးစားနေတဲ့ပရိတ်သတ်များထဲမှတစ်ယောက်သည် အဆိုတော်သည်လေပြင်းတိုက်လိုက်သလိုပင်စင်နောက်တွင်ချော်လဲနေသည်ကိုမြင်လိုက်ကာ စင်ပေါ်တွင်မတ်တပ်ရပ်လိုက်တော့သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...