ဖန်းမိုအာသည် ရုပ်ရှင်ဝန်ထမ်းများမှ စီစဉ်ပေးသောဟိုတယ်သို့ပြန်လာခဲ့သည်။
ရှန်းယွဲ့သည် ငွေပမာဏကိုအမြန်ပဲ လွှဲပေးခဲ့သည်။ တခြားတစ်ဖက်တွင်လည်း သူတို့၏သဘောတူညီချက်ပြီးမြောက်သွားတာကြောင့် ငွေပေးချေခဲ့သည်။
ဖန်းမိုအာသည် အများကြီးသက်သာလာပြီဟုခံစားလိုက်ရသည်။မူမိသားစုရဲ့ သခင်လေးမူက သူမလိုအရေးမပါတဲ့မိန်းမတစ်ယောက်ကိုတော့ အငြိုးအတေး မထားလောက်ပါဘူးနော်။
ထိုမှသာ သူမသည် မူချန်မည်သူမည်ဝါဖြစ်ကြောင်းကို မူမိသားစု၏ကြေငြာချက်သတင်းကို အင်တာနက်ပေါ်တွင်တွေ့လိုက်ရတော့သည်။
ဖန်းမိုအာအမြန်ပဲ စတော့ပေ့ချ်ကို ဖွင့်လိုက်ကာ Creative Entertainment ရဲ့ ရှယ်ယာဈေးသည် မြင့်တတ်လာသည်ကိုတွေ့လိုက်ရတော့သည်။
ဖန်းမိုအာသည် ကုမ္ပဏီရဲ့ ရှယ်ယာ 20% ပိုင်ထားသည်ရှိရာ သူမသည်ပျော်နေသည်။ 'အဲ့တာကမြင့်တတ်နေပြီ ၊ ငါ့ရဲ့ပိုက်ဆံအိတ်လေးအရွယ်အစားတိုးလာပြီ'သူမသည် Creative Entertainment စတော့ဈေးသည် သူမမရောင်းခင်တွင် ရှယ်ယာဈေးမကျခင်အထိသူမ စောင့်နေဦးမည်ဖြစ်သည်။
အဲ့နောက်တွင် သူမသည် ချမ်းသာတဲ့အမျိုးသမီးဖြစ်လာလိမ့်မည်။ဖန်းမိုအာသည် ကုမ္ပဏီ အဖွဲ့စကားပြောခန်းတွင်ရှိနေသေးသည်။ လူတိုင်းက ဂုဏ်ပြုနေကြသည်
သူမကလည်း "ဂုဏ်ပြုပါတယ် ၊ ဂုဏ်ပြုပါတယ်"ကုမ္ပဏီတစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။
နောက်တစ်နေ့တွင် ဖန်းမိုအာရိုက်ကွင်းကိုရောက်လာခဲ့ရာ ပိုင်ရုန်သည် အစားထိုးသုံးမည်ဆိုတာကိုသိလိုက်ရသည်။စတန့်သမားသည် ပိုင်ရုန်နှင့်အရပ်အတူတူဖြစ်သည်။
ရိုက်ကွင်းစသည်နှင့် ပိုင်ရုန်သည် ဘေးတွင်ကြည့်နေသည်။ စတန့်သမားသာ ကျားကိုအစားသွားကျွေးခဲ့ရသည်။
အဲ့လူက အရင်ရက်ကသူမအစားထိုးမသုံးပါဘူးဆိုပြီး ဟိုးလေးတကြာ်ကြော် ဖြစ်အောင်လုပ်သွားနိုင်တဲ့ ဆရာကျတဲ့သူမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး သူမက အစားထိုးသုံနေရတာလဲ?ဖန်းမိုအာသည် ပိုင်ရုန်ရဲ့ အရှက်မရှိမှုကို အသိအမှတ်ပြုလိုက်တော့သည်။
ဖန်းမိုအာက လျှောက်သွားလိုက်ကာ ပိုင်ရုန်ကိုပုတ်လိုက်သည်။ သူမဘေးတွင်ထိုင်ကာ "မစ္စပိုင် နင်စိတ်ခြောက်ခြားနေတာတွေများခံစားနေရတာလား? မင်းရဲ့ ဦးဏှောက်ထဲအထိကို ကြောက်သွားတာဖြစ်ရမယ်။ ဒါပေမဲ့ မင်းရဲ့စကားကိုပြန်မပြင်သင့်ဘူးနော်"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...