တစ်ယောက်ယောက်ရဲ့ နားကိုတောင် ကိုယ်ဝန်ရစေနိုင်လောက်တဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့အသံဖြင့် အမျိုးသားက ဖန်းမိုအာကို ပြောလာတယ် "မိန်းကလေး၊ မင်းရဲ့ သတို့သားရောက်မလာသေးသလို ငါရဲ့သတို့သမီးကလည်း ထွက်ပြေးသွားပြီ။ အဲ့တော့ ငါတို့ဘာလို့လက်မထပ်ကြရမှာလဲ?"
ဖန်းမိုအာ ဟာလန့်သွားလေတယ်။
ချီးပဲ၊ သူမ သိသင့်တယ်။
အစောပိုင်းသူမဖောက်ပြန်ခံရတယ် ဆိုတဲ့ အချက်အလက်က အိမ်မက်ဟုတ်မနေဘူး။
ဒါက ဇာတ်လမ်းအစစ်ရဲ့ အစပဲ။
အိမ်မက်တစ်ခုပဲဖြစ်လို့ သူမလုပ်ချင်တာကို လုပ်မှာြဖစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သူမဟာ ငယ်ရွယ်တဲ့ကောင်မလေးရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာကြောင့် ရှက်သွားဟန် အမြန်ဟန်ဆောင်လိုက်တယ်။
သူမရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ် " ဒါကမကောင်းဘူးထင်တယ်နော်၊ ကျွန်မက ရှင့်နာမည်တောင်မသိသေးဘူးလေ"
အမျိုးသားဟာ ချောမောရုံတင်မဟုတ်သေးဘူး ၊ သူ့မှာ နားထောင်ကောင်းတဲ့ အသံလည်းရှိတယ်။
သူရဲ့ ဇိမ်ခံကားကိုကြည့်ပြီး သူချမ်းသာတယ်ဆိုတာကို ပြောနိုင်တယ်။
အဲ့လိုလူမျိုးဟာ ဖန်းမိုအာရဲ့ စိတ်ကူးအိမ်မက်ကို ကျေနပ်စေတယ်။
အမျိုးသားက အတိုချုပ်မပြောခင် ခဏရပ်တန့်လိုက်ပြီး "ကိုယ့်နာမည်က ရှီမို"
ဖန်းမိုအာဟာ အားရပါးရရီလိုက်လေ တယ်။
'ရှီမို??'
'ဒါက ပေါတောတော ဝတ္ထုထဲက အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီရဲ့ ဥက္ကဌ မဟုတ်ဘူးလား?'
ပီးတော့ အဲ့နာမည်နဲ့သူက ဝတ္ထုထဲမှာတခြားသူတေရဲ့ စကားထဲမှာ တစ်ခါလေးပဲ ပေါ်လာဖူးတဲ့ သူလေ။
အဲ့နာမည်ကို ဖော်ပြတဲ့ အခါတိုင်းမှာလည်း လေးစားမှုနဲ့ အားကျမှု တွေ ပါလာခဲ့တာပဲ။
ရှီမိုဟာ ဝတ္ထုထဲမှာ ချမ်းသာကြွယ်ဝမှုရဲ့ သင်္ကေတ ဖြစ်တယ်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...