"ဖန်းမိုအာ သရုပ်ဆောင်ပိုင်းမှာအရမ်းအရည်အချင်းရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။ "ရှန်းယွဲ့ တတွတ်တွတ်ပြောနေခဲ့သည် ကြည့်ရတာသူမကိုနယ်ပယ်အားလုံးကို လေ့ကျင့်ပေးလို့ရမယ့်ပုံပဲ
အစတုန်းက သူမဟာ ဖန်းမိုအာကို အဆိုပိုင်းကိုအားစိုက်စေချင်ခဲ့သည်။ သို့သော် ယခုတွင်မတူတော့ပေ ။ သူမသည် မတူညီတဲ့နယ်ပယ်တွေမှာပါ တစ်ချိန်တည်းတိုးတတ်ကောင်းတိုးတက်နိုင်လိမ့်မည်။
Creative Entertainment သည် ရှယ်ယာရှင်အစည်းအဝေးပြုလုပ်လေသည်။
အဓိကရှယ်ယာရှင်တစ်ယောက်အနေနဲ့ ဖန်းမိုအာသည်လည်း တတ်ရောက်ဖို့ဖိတ်ကြားခံရသည်။
သူမရောက်ရှိလာတာနဲ့ ကုမ္ပဏီတစ်ခုလုံးအုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။
အရင်က သူမကိုမကောင်းပြောခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူမဖြတ်လျှောက်သွားတာကို မြင်လိုက်ကြသည်။ မျက်နှာပေါ်တွင်ဘာမှမဖြစ်သလိုနေသော်လည်း အတွင်းထဲတွင်တော့ အော်ဟစ်နေကြလေသည်။
ဒါကြောင့် ကုမ္ပဏီမှ ဌာနတိုင်းဟာ ထိုကိစ္စကိုဆွေးနွေးနေကြသည်။
"ကြည့်ကြည့် ၊ ဖန်းမိုအာရောက်လာပြီ၊။ ယုံကြည်ချက်အပြည့်နဲ့ လျောက်သွားတာပဲ"
"အစည်းအဝေးမှာ သူမပြဿနာရှာလိမ့်မယ်လို့ နင်ထင်လား?"
"ကုမ္ပဏီ အခုဆိုရင် ပိုင်ရုန်ကိုထောက်ပံ့ဖို့ကိုပဲ ကြိုစားနေတာလေ။ အစည်းအဝေးမှာသာ သူမအဲ့အကြောင်းကိုကြားရင် သူမရဲ့ အမူအရာဘယ်လိုဖြစ်သွားမယ်ထင်လဲ?"
"ပြီးသွားပြီ ။ ရာထူးမြင့်တဲ့သူအချင်းချင်းတိုက်ခိုက်ကြတော့မယ်လို့ငါခံစားနေရတယ်"
"အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် မူချန်က ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်နေတုန်းပဲ။ ဖန်းမိုအာက အကူအညီအနေနဲ့ပဲဖြစ်မှာပေါ့"
ပိုင်ရုန်နဲ့ သီချင်းအသစ် Flame ဟာဆိုရင် လက်တလောမှထွက်ရှိထားခြင်းဖြစ်ပြီး ရလာဒ်ကောင်းတွေရရှိနေပြီးဖြစ်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...