Chapter 87 :

257 17 0
                                    

ဖန်းမိုအာ ချူရှောင်ရဲ့ ကြောက်ရွံ့နေတဲ့မျက်လုံးကိုကြည့်လိုက်တော့တယ။ ချူရှောင်သည် အားနည်းပြီး ကြောက်တတ်တဲ့သူတွေကို အနိုင်ကျင့်တတ်တဲ့သူမျိုးဖြစ်သည်။ ဖန်းမိုအာရဲ့ မူလကိုယ်ဟာ မူချန်အပေါ်ခံစားချက်ရှိနေတာကို အခွင့်ကောင်းယူပြီး မူလကိုယ်ကို အနိုင်ကျင့်ရဲတာဖြစ်သည်။ သို့သော် ဒီအတိုင်းရည်ရွယ်ချက်မပါပဲ နောက်ပြောင်ခြင်းသာဖြစ်ခဲ့သည်။

ချူရှောင်သည် တစ်ယောက်ယောက်ကို လမ်းပေါ်မှာသတ်ရဲသည့်လူမျိုးမဟုတ်ပေ။

သို့သော် အရင်ကကော အခုကော သူမနဲ့ဆန့်ကျင်ဘက်မှာနေပြီး သူမကို မကောင်းတာတွေလုပ်ဖို့ တစ်ယောက်ယောက်က အားပေးနေခဲ့သည်။

သူမရဲ့မျက်နှာကို ရေနဲ့ပတ်တာ ဒါမှမဟုတ် သူမမျက်နှာကိုရိုက်တာတို့လုပ်လိမ့်မည်။ စဉ်းစားကြည့်ရုံနဲတင် အရမ်းစိတ်ပေါက်စရာကောင်းသည်။

ဖန်းမိုအာသည် ချူရှောင်ကိုသူမကိုနောင်မှာမြင်ခဲ့ရင်ဝေးဝေးကရှောင်သွားအောင်လုပ်ချင်ခဲ့သည်။

"ဒီတစ်ခါတော့ နင့်ကိုလွှတ်ပေးဖို့ မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ? နောက်အနာဂတ်မှာ နင်ငါ့ကို အန်တီကြီး လို့ငါ့ကိုမြင်တိုင်းခေါ်ရမယ်။ ငါမင်းကိုဒီတစ်ခါတော့လွှတ်ပေးမယ်။ နင်မလုပ်နိုင်ဘူးဆိုရင် ငါနင့်ကို ရဲစခန်းကိုအချိန်မရွေးပို့လိုက်လို့ရတယ်"

ချူရှောင်လည်း ထိုစကားကြားမှသာ သက်ပြင်းချလိုက်ပြီး ဖန်းမိုအာကို အန်တီကြီးဟုခေါ်လိုက်သည်။

ဖန်းမိုအာကအေးစက်စွာပဲ " နင်ဘာလို့ဒီမှာရှိနေသေးတာလဲ? သွားတော့"

ချူရှောင် လည်း ခွှင့်လွှတ်လိုက်ပြီဆိုတာကိုသိကာ ပိုင်ရုန်ကိုအမြန်ဆွဲကာသွားလိုက်သည်။

ကားထဲတွင် ချူရှောင်သည် ချွေးသုတ်လိုက်ပြီး ၊ "အရမ်းကြောက်ဖို့ကောင်းတာပဲ။ ဘာလို့ ဖန်းမိုအာကတခြားတစ်ယောက်လိုဖြစ်သွားတာလဲ?"

ပိုင်ရုန်မျက်မှောင်ကြုတ်လိုက်ကာ "သူမအချစ်ကြောင့် အမုန်းတရားတွေပေါ်လာတာနေမယ်"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now