Chapter 42 အလွန်ဝမ်းနည်းဝမ်သာဖြစ်ခြင်း

942 56 2
                                    

Chapter 42

လက်ရှိတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတဲ့မူချန်ဟာမျက်မှောင်ကြုတ်လိုက်သည်။

သူ့ဘေးနားကအမျိုးသမီးက မနေနိုင်ပဲပြောလိုက်သည် "ဒါဆိုသူကနင်ထောက်ပံချင်နေတဲ့သူပေါ့? သူမရဲ့အရည်အချင်းကနိမ့်နေတယ်လို့မထင်ဘူးလား။ နင်ဘာလို့သူမကိုထောက်ခံချင်ရတာလဲ?"

မူချန်ကကူကယ်ရာမဲ့စွာပဲ "အစ်မသူမရဲ့အဆိုစွမ်းရည်ကိုကြည့်ပြီး သူမကိုရွေးတာမဟုတ်ဘူး။ သူမကိုအမျိုးသမီးသရုပ်ဆာင်ဖြစ်စေချင်တာ"

အမျိုးသမီးကခေါင်းရမ်းလိုက်ကာ "ရုပ်ရှင်အတွက်ရင်းနှီးမြုပ်နှံဖို့ဆိုရင်ငွေအများကြီးလိုတယ်။ ဒီပြဿနာကိုဖြေရှင်းပြီးရင်ငါတို့ဆက်ဆွေးနွေးမယ်"

မူချန်ကချက်ချင်းပဲ ဖန်းမိုအာသူ့ကိုစွဲလမ်းနေသေးသည်ဟုသူယုံကြည်နေသည်။ သူမကိုပြောလိုက်ရင် သူပြောသလိုသူမမိသားစုကနေရထားတဲ့ပိုက်ဆံတွေအားလုံးကိုကုမ္ပဏီထဲကိုရင်းနှီးမြုပ်နှံ့ခိုင်းလိုက်ရင် သူမလုပ်လိမ့်ဦးမည်ဖြစ်သည်။

"ငါတော့ဆက်မကြည့်တော့ဘူး။ မင်းအဆင်သင့်ဖြစ်ရင်ငါ့ကိုလာတွေ့။ ငါအလုပ်ရှုပ်နေတယ်" အမျိုးသမီးသည်စကားဆုံးသည်နှင့်ထွက်သွားတော့သည်။

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုသည် လက်ခုပ်သံများဖြင့်ပြည့်နှက်နေသည်။

စခရင်မှဖြစ်ဖြစ် စင်အောက်မှကြည့်နေသောပရိသတ်များဖြစ်ဖြစ်လူတိုင်းဟာ "Veiled Queen ! Veiled Queen !" ဟုအော်နေကြသည်။

စင်နောက်တွင် ပိုင်ရုန်သည်ဖျော့တော့နေကာ ဒေါသထွက်နေသည်။

သူမကဖန်းမိုအာကိုကြမ်းတမ်းစွာကြည့်လိုက်သည်။

ဖန်းမိုအာသည်ရှောင်တျန်းအနားကိုလျှောက်သွားလိုက်သည်။

ရှောင်တျန်းကစိတ်လှုပ်ရှားစွာပဲ"အမ Veiled Queen ၊ အမသီချင်းဆိုတာအရမ်းကောင်းတာပဲ"

လျန်းချီးသည်ဖန်းမိုအာအဆင်ပြေသည်ကိုမြင်ကာ စိတ်အေးသွားတော့သည်.၊ စင်ပေါ်မှသူ့ကိုခေါ်နေပြီဖြစ်ကာ စင်ပေါ်ကိုပြေးတတ်သွားတော့သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now