Chapter 45
ပိုင်ရုန်ရဲ့မျက်နှာဟာဖြူဖျော့သွားပြီး "အမဖန်း ၊ မင်းဟာသလဲပြောတတ်တာပဲ"
ဖန်းမိုအာရဲ့ အမူအရာဟာလေးနက်လာသည်။" ငါနောက်နေတာမဟုတ်ဘူး။ ဒါကမင်းရဲ့ဆိုပုံနဲ့လိုက်တဲ့ တစ်ခုတည်းသောပုံစံပဲ-
လူတိုင်းကလည်းဒီစကားရဲ့ အဓိပ္ပာယ်ရှိသည်ကိုသိကြသည်။
လူတိုင်းတွင် ပိုင်ရုန်နဲ့ပတ်သတ်ပြီး အမြင်ရှိကြသည်။နောက်ဆုံးမှာတော့ ကုမ္ပဏီက သူမအတွက် အရင်းအမြစ်အများကြီးကိုဖြုန်းတီးလိုက်ပြီးဖြစ်သည်။ ပိုင်ရုန်ရဲ့ စီးပွားရေးအရည်အချင်းကအရမ်းညံ့ဖျင်းလွန်းတာကြောင့် အခုလိုကုမ္ပဏီအရှုံးပေါ်စေခဲ့တာဖြစ်သည်။
ဒါပေမဲ့ မူချန်ကတော့ ပိုင်ရုန်ကိုအဆုံးအထိပံပိုးပေးဖို့လုပ်ဆောင်နေခဲ့သည်။
"အဟမ်း ပိုင်ရုန်ကအနာဂတ်မှာရေပန်းစားလာဦးမှာ။ ကာရာအိုကေတွေမှာ ဆိုလို့လွယ်မယ့်သီချင်းမျိုးတွေကို သူမဆိုမှာ။ အဲ့အပြင် သူတို့တွေကပိုင်ရုန်ရဲ့အသံနဲ့လိုက်ဖက်လိမ့်မယ်"
မူချန်ကပြောလိုက်ရင်း ဖန်းမိုအာကိုကြည့်လိုက်ကာ" သီချင်းအတွက်ကတော့ ငါတို့ရဲ့ ရွှေအဆင့် သီချင်းရေးဆရာကိုပဲလွှဲထားလိုက်တော့မယ်"
"ငါ? " ဖန်းမိုအာဟာကိုယ့်ကိုကိုယ်ညွှန်ပြလိုက်ပြီး သူမရဲ့ နားကိုပင်မယုံနိင်တော့ပေ။
"အမဖန်း ညီမကိုမုန်းနေတုန်းပဲလား? ညီမက ဥက္ကဌမူကို အမဆီကလုဖို့မရည်ရွယ်ပါဘူး။ ညီမတို့နှစ်ယောက်လုံးကအရမ်းချစ်ကြလို့ပါ။ အမရဲ့ခံစားချက်တွေကိုနာကျင်စေဖို့မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်"
ပိုင်ရုန်ကမတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။ "အတိတ်ကိုထားခဲ့ပြီး ကုမ္ပဏီကိုဦးစားပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"(စာရေးရင်းစိတ်ပေါက်ချက်ကတော့ )
ဖန်းမိုအာကမျက်မှောင်ကြုတ်လိုက်ပြီး သူကဘာလို့စကားပြောရင်းဦးညွှတ်နေတာလဲ?
ဒါတွေကသရုပ်ဆောင်နေတာပဲလား? အဲဒါကိုဘယ်လိုလုပ်ရမလဲဘယ်သူကသိမှာလဲ?
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...