"မစ္စ, မြို့ပြရေးရာဌာနကိုရောက်ပါပြီ"
"မိန်းကလေးကအရမ်းလှတယ်, မိန်းကလေးကို လက်ထပ်မဲ့ ကောင်လေးကတော့ ကံကောင်းတာပဲ"
ဖန်းမိုအာ သည် နောက်ခုံမှာ ခေါင်းမှီပြီးအိပ်နေခဲ့တယ်၊
ရုတ်တရက်, တစ်ယောက်ယောက်က သူမရဲ့ ရှေ့ကနေ သူမကို စကားပြောနေတာကို ကြားလိုက်ရတယ်။
သူမဟာသူမရဲ့မျက်လုံးတွေကို စိတ်ရှုပ်စွာဖွင့်ကြည့်လိုက်တယ်
သူမရဲ့ အရှေ့က ဒရိုင်ဘာရဲ့ ပြုံးနေတဲ့ မျက်နှာကို မြင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ အနောက်ကခုံကို ကပ်သွားခဲ့တယ်။
ဘာဖြစ်သွားတာလဲ? ခုနလေးကတင်, သူမအခန်းထဲမှာ ဝတ္ထုဖတ်နေခဲ့တာဖြစ်တယ်၊
မျက်စိတစ်မှိတ်အတွင်း သူမက ဒီကိုဘယ်လိုရောက်လာတာလဲ?
ပိုထူးဆန်းတာက သူမဘဝမှာပထမဆုံး သူမကို လှတယ်လို့ တစ်စုံတစ်ယောက်က ပြောတာပဲ။
အိမ်မက်မက်နေတာလား?
ဖန်းမိုအာဟာ ကားထဲကနေ အတွေးပေါင်းများစွာနဲ့ ထွက်လာခဲ့တယ်။
အခုဆိုရင် အိမ်မက်ဆိုတာပိုလို့တောင်သေချာနေပြီ။
သူမရဲ့ဖုန်းကို ထုတ်ပြီးကင်မရာဖွင့်လိုက်ရာ သူမ မထင်မှတ်လောက်အောင်လှတဲ့ မျက်နှာလေးကို မြင်လိုက်ရတယ်။
"ဘယ်လိုအလှမျိုးပါလိမ့်" ဖန်းမိုအာ သည် မျက်နှာကို ထိလိုက်သည်
ဖုန်းထဲကအလှလေးကလဲ မျက်နှာကို ထိနေတယ်?
ပုံရိပ်တွေဟာတစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြလေတယ်
သူမလှလာတယလို့ အိမ်မက်မက်နေတာလားပဲ?
ဖန်းမိုအာသည် ပြည့်သူ့ရေးရာဗျူရို ရဲ့ ဝင်ပေါက်ကို လှည့်ကြည့်လိုကတယ်။
လူတေအများကြီးဟာ ဝင်ထွက်သွားလာနေကြပေမဲ့ သူမကို မနေနိုင်ပဲ လှည့်ကြည့်နေကြတယ်။
ဖန်းမိုအာဟာ ရီလိုက်တယ်
ဒါဆိုရင် သတို့သားက ဘယ်သူလဲ?????
သူမဟာဘယ်ညာ ကြည့်လိုက်ရင်း သူမရဲ့ အိမ်မက်မင်းသားလေးဟာဘယ်သူဖြစ်မလဲ ဆိုတာ မြင်ဖို့စောင့်နေလေတယ်?
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...