Chapter 35: ရှီမိုရဲ့အမျိုးသမီး
ရှီမိုသည်မသိလိုက်မိဘဲ မာစတာအိပ်ခန်းထဲကိုဝင်သွားခဲ့လိုက်သည်။
အမှောင်ထဲတွင်ရေချိုးခန်းမှ အလင်းဖျော့ဖျော့လေးအောက်တွင် ဖန်းမိုအာသည် သူမကိုယ်ပေါ်မှ သူ၏ပူပြင်းလှသည့်အကြည့်ကိုခံစားလိုက်မိသည်။
'ကလစ်'
ချက်ချင်းဆိုသလိုအိပ်ခန်းမီးပွင့်သွားသည်။
ရှီမိုသည်ကုတင်ပေးရှိဗီဒိုဆီကိုသွားလိုက်ကာ "ယူစရာရှိလို့လာတာ"ဟုပြောလိုက်သည်။
ဖန်းမိုအာသည်သူမရှိနေသည့်နေရာတွင်ပဲရပ်နေပြီး လက်တစ်ဖက်ဖြင့်မျက်နှာသုတ်ပဝါကိုကိုင်ထားသည်။ သူမလှည့်မကြည့်ခင်မှာစာရွက်စာတမ်းတွေကိုကိုင်ထားသည်ကိုမြင်လိုက်ရသည်၊
သူ့အကြည့်များသည် သူမရဲ့ညှပ်ရိုးပေါ်ရောက်သွားတာကြောင့်ခဏရပ်သွားစေသည်။
သိပ်မကြာလိုက်ပါပဲ သူအကြည့်ကိုခက်ခက်ခဲခဲလွှဲလိုက်ပြီး "ကိုယ်အခုသွားတော့မှာပါ"
သူမကိုဖြတ်သွားလိုက်သည်။ ဖန်းမိုအာသည်ရင်တထိတ်ထိတ်ဖြင့်ရပ်နေလိုက်သည်။ သူထွက်သွားပြီးနောက် သူရနံ့ကျန်နေခဲ့သည်။
ဖန်းမိုအာသည်အဝတ်အစားအမြန်လဲလိုက်သည်။
သူဖွင့်သွားတဲ့ ဗီဒိုထဲကိုဖွင့်လိုက်ရာ မနှစ်ကအချက်အလက်များဖြင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူမသည်မပြုံးပဲမနေနိုင်တော့ပေ။
အဲ့နောက်သူမက လက်ပ်တော့ကို ယူကာ စာကြည့်ခန်းကိုသွားလိုက်သည်။
စာကြည့်ခန်းတွင် ရှီမိုသည် သူယူသွားသော အချက်အလက်များကိုစားပွဲထောင့်တွင် ပစ်ထားပြီး ကွန်ပြူတာမှာတစ်ခုခုကိုကြည့်နေသည်။
ရုတ်တရက်ခေါင်းမော့လိုက်ရာ တံခါးဝတွင် ဖန်းမိုအာကိုတွေ့လိုက်သည်နှင့် သူက "ဝင်ခဲ့လေ"
ဖန်းမိုအာဝင်လာပြီး စားပွဲရဲ့ တစ်ဖက်ကိုလျှော်ကသွားလိုက်ပြီး ကုလားထိုင်ကိုဆွဲထုတ်လိုက်ကာထိုင်လိုက်သည်။
ရှီမိုသည်ကွန်ပြူတာကိုစူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...