Chapter 13: ငါတိုးတက်နိုင်သေးတယ်။
သူ့ကိုနှလုံးသားတစ်ခုလုံးနဲ့ ကောင်းကောင်းဆက်ဆံမယ်လို့သူမကတိပေးခဲ့တဲ့မနေ့ညကိုပြန်တွေးလိုက်မိသည်။
ဒီနေ့တော့ သူမမျက်နှာပိတ်အရိုက်ခံရသလိုခံစားလိုက်ရသည်။
ဖန်းမိုအာသည် အကြောင်းပြချက်တွေကိုတွေးကာ သူမခေါင်းကိုငုံ့ရင်း ခက်ခက်ခဲခဲမျိုချလိုက်သည်။
ဖန်းမိုအာသည် သူမနလုံးခုန်နှုန်းမြန်လာသည်ကိုခံစားလိုက်ရသည်။
ခက်ခက်ခဲခဲမျိုချရင်း ပြုံးကာပြောလိုက်တယ်" ဒါကကျွန်မလက်မထပ်ခင်ကအလုပ်လေ,၊ အဲ့ဒါတွေက အတိတ်မှာကျန်ခဲ့ပြီ"
ရှီမိုရဲ့လက်သည်ခဏမျှရပ်တန့်သွားသည်။ အခန်းထဲကအပူချိန်မြင့်လာတာကတော့သေချာတယ်။ရှီမိုက မီနူးကဒ်ကိုသူမဘက်ကိုတွန်းပေးလိုက်ပြီး "မင်းဘာစားချင်လဲ?" လို့မေးလိုက်တယ်။
အဲ့ဒီစကားတစ်ခွန်းဖြင့်ပင် သူစိတ်အခြေအနေကောင်းသည်ကိုသိနိုင်သည်။
လေးစားစရာကောင်းတဲ့ဥက္ကဌရှီသည် သူမရဲ့အတိတ်ကိုအရမ်းဂရုစိုက်မနေပါဘူး.၊ ဟုတ်တယ်မလား?
အဲ့ဒါကသူ့ပုံစံမဟုတ်လောက်ပါဘူး သူအဲ့ကိစ္စကိုရှုပ်သွားအောင်မလုပ်လောက်ပါဘူး။
ဟင်းပွဲများကိုတစ်ပွဲပြီးတစ်ပွဲတည်ခင်းပြီးသည်နှင့် ဖန်းမိုအာရဲ့ စားချင်စိတ်သည်တိုးပွားလာကာသူမစားဖို့ပြင်ဆင်လိုက်လေသည်။
ဒါပေမဲ့ သူမအမဲသားဖက်ကိုကိုင်လိုက်သည်နှင့် ရှီမို၏တူသည်ရွေ့သွားကာ သူမ၏ပန်းကန်ထဲသို့မရောက်ခင်မှာပဲ လုယူသွားလေတယ်။
ရှီမိုသည်စိတ်ပျက်ဟန်ဖြင့် "ဒီဟင်းကမကောင်းတော့ဘူး။ လတ်ဆက်တဲ့ဟာလဲခဲ့။"
ဖန်းမိုအာ ရဲ့နှလုံးခုန်သံသည် နှိုးစက်သံဖြင့်စတင်ခုန်လာလေသည်။
စားပွဲထိုးသည်သူ့စကားကိုမလွန်ဆန်ရဲသဖြင့် ဟင်းပန်းကန်အသစ်လဲဖို့အမြန်ပြင်လိုက်လေသည်။
သို့သော် စားသောက်ဆိုင်ရှိအသားများသည်အလတ်ဆတ်ဆုံးဖြစ်သည်။ မကောင်းစရာအကြောင်းမရှိပေ။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...