ပိုင်ရုန်ဟာအံ့ဩသွားခဲ့ပြီး လူသစ်တောင် ဝင်ပြိုင်နိုင်တာလား?
"ဝင်ပြိုင်တဲ့သူက ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံသူရဲ့ သမီးမစ္စဖန်းဟန်ကအကြံပြုထားတဲ့သူပါ။ သူမရဲ့ သူငယ်ချင်းဖန်းမိုအာ ကို အကြံပြုထားတာပါ။ ကျွတ် ကျွတ် ၊ သူမကဘာမှမသိတဲ့ ချမ်းသာတဲ့ အမွေခံအမျိုးသမီးတစ်ယောက်သာသာပါပဲ"
ဖန်းမိုအာရဲ့ နာမည်ကိုကြားလိုက်တာနဲ့ ပိုင်ရုန်နှလုံးခုန်မြန်သွားတော့တယ်။
ဖန်းမိုအာကလည်း အမျိုးသမီးဇာတ်လိုက်အတွက်ဝင်ပြိုင်မှာလား?
"တကယ်တော့၊ ကျွန်မ ဖန်းမိုအာကိုသိတယ်။ သူမအရင်က သရုပ်ဆောင်တာကိုမလေ့လာဖူးဘူး။ ကျွန်မထင်တာတော့ အဲ့ဆိုးဝါးတဲ့ ဗီဒီယိုကိုဒါရိုက်တာကိုပြဖို့လိုမယ်လို့မထင်ဘူး။ အဲ့တာကသေချာပေါက် သူ့ရဲ့ စိတ်အခြေအနေကောင်းကိုပျက်စေမှာသေချာတယ်"
သူမက ဖန်းမိုအာရဲ့ ကြိုးစားမှုအဖူးအညွှန့်ကို ဖျက်စီးချင်နေတယ်။
လက်ထောက်သည် အနည်းငယ်တုံ့ဆိုင်းသွားကာ" ကျွန်တော် ဆုံဖြတ်လို့မရဘူး။ ဒါပေမဲ့ ဒါရိုက်တာကိုတော့ ဒီလိုအသုံးမကျတဲ့ ဗီဒီယိုကိုမကြည့်ဖို့ ကျွန်တော်တိုက်တွန်းကြည့်လို့ရတယ်။ သူကသရုပ်ဆောင်မကောင်းတဲ့သူတွေကို မကြိုက်ဆုံးပဲ"
ပိုင်ရုန်ကခေါင်းညိတ်လိုက်ကာ "ငါတို့သူငယ်ချင်း အဖြစ်အချင်းချင်း အပ်လိုက်ရအောင်၊။ အဲ့တာမှနောက်ငါတို့ဆက်သွယ်လို့လွယ်သွားမှာ"
ပြိုင်မယ့်သုံးယောက်လုံးရဲ့ဗီဒီယို ရပြီးတာနဲ့ လက်ထောက်သည် ဒါရိုက်တာဆီကို တစ်ချိန်တည်းမှာပဲ ဗီဒီယိုသုံးပုဒ်လုံးကိုပို့လိုက်သည်။
သို့သော် သူ့ရဲ့ အကြံဉာဏ်ကို ထုတ်ပြောခဲ့သေးသည် "ဒါရိုက်တာဝမ်၊ ဖန်းဟန်အကြံပြုထားတဲ့ တစ်ယောက်ကအရင်က သရုပ်ဆောင်တာကိုမလေ့လာဖူးပါဘူးတဲ့ ။ သူမရဲ့ သရုပ်ဆောင်စကေးတွေက အရမ်းကိုဆိုးဝါးတယ်တဲ့"
လုံးဝသေချာတာပေါ့၊ ဒါရိုက်တာဝမ်အဲ့တာကိုကြားလိုက်တာနဲ့ သူကဖန်းမိုအာရဲ့ဗီဒီယိုကိုဖယ်လိုက်ပြီး ထောင့်တစ်နေရာကိုပစ်လိုက်ကာ ကြည့်ပင်မကြည်တော့ပေ။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...