Chapter 53: သက်သေတွေကိုနေရာမှာပဲ ထိန်းသိမ်းထား
သူမထမင်းစားပြီးတာနဲ့ ဖန်းမိုအာသည် ကုမ္ပဏီကိုသွားလိုက်သည်။ သူမရဲ့ မန်နေဂျာ ရှန်းယွဲ့ ရုံးခန်းကိုအရင်သွားလိုက်သည်။
ရှန်းယွဲ့က Veiled Queen လာတာကိုမြင်တာနဲ့ သူမဆီမှာရှိတဲ့ သီချင်းစာရွက်များကိုထုတ်ယူလိုက်ကာ သူမကိုပေးလိုက်သည်။ "ဒါတွေက ကုမ္ပဏီကနေရထားတဲ့လက်တစ်လောနာမည်ကြီးနိုင်မဲ့သီချင်းတွေပဲ။
မင်းကြိုက်တဲ့တစ်ပုဒ်ကိုရွေးလိုက်။ နှစ်ရက်အတွင်းမှာ သီချင်းအသစ်ကိုထုတ်မယ်"
Veiled Queen မှာ အရမ်းကောင်းတဲ့အသံရှိတာကြောင့် ရှန်းယွဲ့ကသူမကို popular Queen of songs ဖြစ်အောင်လုပ်ပေးမည်ဖြစ်သည်။
နောက်ဆုံးတွင် သူမသည် 'fire' သီချင်းကိုရွေးလိုက်သည်
"ဒီတစ်ခုပဲ။ အရမ်းမိုက်တယ်"
ရှန်းယွဲ့က "ဟုတ်ပြီ။ မင်းအရင်ဆုံးအစမ်းဆိုကြည့်လိုက်ဦး။ မင်းသီချင်းကိုရင်းနှီးသွားပြီဆိုမှ အသံသွင်းဖို့သွားရအောင်"
ဖန်းမိုအာက ခေါင်းညိတ်လိုက်သည်။
ရှန်းယွဲ့က သူမကိုထပ်ကြည့်လိုက်ပြီး "မင်းဘာလို့ရုတ်တရက်သရုပ်ဆောင်တာသင်ချင်သွားတာလဲ?"ဖန်းမိုအာကပြုံးလိုက်ကာ "တခြားတစ်ခုခုကိုတတ်ထားရင် ကျွန်မနယ်ပယ်စုံမှာအရည်အချင်းရှိတဲ့သူဖြစ်လာနိင်တယ်လေ"
ရှန်းယွဲ့က ထပ်မေးလိုက်သည် "မင်းအရင်ကသရုပ်ဆောင်သင်တန်းတတ်ဘူးလား?"
ဖန်းမိုအာကခေါင်းရမ်းလိုက်သည်။ ရှန်းယွဲ့က မထူးမခြားပဲပြောလိုက်တယ် "ဒါဆို မင်းကောင်းကောင်းသင်ယူသင့်တယ်။ ပိုပြီးသင်ယူတာကောင်းတယ်"
ပြောပြီးသည်နှင့် ရှန်းယွဲ့ကမတ်တပ်ရပ်လိုက်ကာ ဖန်းမိုအာကို သင်ကြားမဲ့အခန်းထဲကိုပို့ပေးလိုက်သည်။
သရုပ်ဆောင်သင်မည့်ဆရာသည် အသက်30 ဝန်းကျင်အမျိုးသမီးဖြစ်သည်။
သူမက ဖန်းမိုအာကို စီးပွားရေးစကားပြောလိုက်သည် "မစ္စဖန်း။ အထက်လူကြီးတွေက ကျွန်မကို အကျဉ်းချုံးပြောပြီးပါပြီ။ ကျွန်မက ရှင့်ရဲ့ အချက်အလက်တွေကိုမဖော်ပြဘူးဆိုတဲ့ စာချုပ်မှာလက်မှတ်ထိုးပြီးပါပြီ"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...