Chapter 5: ခင်ပွန်းနဲ့ ဇနီးအဖြစ် သူတို့ရဲ့ တာဝန်ဝတ္တရားကိုဆောင်ရွက်နိုင်ခဲ့တယ်။

1.4K 93 3
                                    

Chapter 5: ခင်ပွန်းနဲ့ ဇနီးအဖြစ် သူတို့ရဲ့ တာဝန်ဝတ္တရားကိုဆောင်ရွက်နိုင်ခဲ့တယ်။

ညနေခင်းတွင်

ရှီမိုသည် ရှန်းယွမ်စံအိမ်သို့ ပြန်လာခဲ့သည်။ သူအိမ်ထဲသို့ဝင်လိုက်တဲ့

အချိန်တွင် သူသည် သူမကို မတွေ့ပေ။

သူရဲ့ နက်ကတိုင်ကို ဖြည်ကာ " သူမဘယ်မှာလဲ?" လို့ မေးလိုက်သည်။

အိမ်တော်ထိန်းသည် " သခင်မလေး မကြာသေးခင်က ပြန်ရောက်လာပီး

ဈေးဝယ်အိတ်တွေနဲ့ အပေါ်ထပ်ကို တက်သွားပါတယ်"

"သခင်လေး ၊ ကျွန်တော်တို့ ဖယောင်းတိုင်ထွန်းပြီး ညစာပြင်ပေးရမလား?"

အမှန်မှာ အိမ်တော်ထိန်းသည် အကုန်စီစဉ်ပီးသားဖြစ်သည်။

သခင်လေးရှီ က သူ့မိန်းမကို ပထမဆုံးအကြိမ်အိမ်ခေါ်လာခြင်းဖြစ်သည်။

နွေဦးညသည် ရွှေဒင်္ဂါးထောင်ချီတန်သည် ဆိုသောစကားအတိုင်း သေချာပေါက်ကောင်းကောင်းပြင်ဆင်ရမည်။

အပေါ်ထပ်ကို တက်နေသောရှီမိုသည် ဆက်မတတ်သေးဘဲ သူသည် အသံပေးလိုက်လေသည်။

သူအိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့ အခါမှာ လှပတဲ့ အမျိုးသမီးစီးဖိနပ်တစ်စုံကို ပထမဆုံးမြင်လိုက်ရသည်။

ဒေါက်ဖိနပ်ဟာဆိုရင် ရေချိုးခန်းတံခါးတွင်ရှိနေသည်။
သူကြည့်လိုက်ရာ forest glass နဲ့လုပ်ထားတဲ့ ရေချိုးခန်းထဲက လှပတဲ့ ပုံရိပ်ကို သူမြင်လိုက်သည်။

ပုံရိပ်သည် ဝါး၍အနည်းငယ်သာထင်ရှားသည်။

ရှီမိုသည် ဆိုဖာဆီကို မသွားခင် တစ်စက္ကန့်ခန့်ရပ်တန့်သွားခဲ့သည်။

သူ့ကုတ်ကို ချွတ်ပီးဆိုဖာပေါ်ကို တင်လိုက်သည်။

သူ ထိုင်နေရင်း ဖက်ရှင်မဂ္ဂဇင်းကို ယူ၍ဖတ်နေလိုက်သည်။

အလင်းရောင်သည် နွေးထွေးပီး အဝါရောင်ရှိသည်။

အမျိုးသားရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေဟာ ခန့်ညားမှုကို ပြသနေသည်။

မဂ္ဂဇင်းထဲတွင် လျို့ဝှက်ဆန်းကြယ်တဲ့ ဖျော်ဖြေရေးကုမ္ပဏီ ရဲ့ ဥက္ကဌအကြောင်းကို ဖော်ပြထားလေသည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now