ချက်ခ်သည် သူ့ကင်မရာကိုကိုင်လိုက်ပြီး Veiled Queen သူမကိုဖြတ်သွားသည့်အချိန် လှုပ်ရှားမှုများကို ရိုက်ကူးနေခဲ့သည်။ သူအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။
သူရှာဖွေနေခဲ့တဲ့ အရိုင်းဆန်ဆုံးသည် ဒီမှာရှိနေသည်။
Veiled Queen သည် ရေမွှေးအသစ်အတွက် ပြောရေဆိုခွင့်ရှိသူဖြစ်ရန် အရမ်းသင့်တော်သည်။
"Veiled Queen ဒါကမင်းရဲ့ ဆုပါ"
ဒိုင်လူကြီးသည် ဖန်းမိုအာကို ကားသော့ပေးခဲ့သည်။
ဖန်းမိုအာသည် ကားသော့ကို တျန်းလေအားပေးလိုက်ပြီး "ဒါကိုငါ့အတွက် ကုမ္ပဏီကိုမောင်းပို့ပေးပါနော်"
သူမသည် ရုပ်ရှင်ဆက်လက်ရိုက်ကူးရဦးမည်ဖြစ်သည်။ ဒါကြောင့် သူမရဲ့ ပုံစံအမှန်ကို မသိစေရန် သူမကားကို မမောင်းသင့်ပေ။
ရှောင်တျန်းသည် သူမလုပ်စေချင်သည်ကို ချက်ချင်းသိလိုက်သည်။
ဖန်းမိုအာသည် ဘာမှဆက်မနေတော့ပဲ ချက်ချင်းပဲ တက္ကစီငှားကာ ထွက်လာခဲ့လိုက်သည်။
အဆုံမျဉ်းတွင်ရောက်နေကြသော ကျန်ရှိတဲ့အထက်တန်းလွှာများတွင် တချို့သည် Veiled Queen ရှာနေကြပေမဲ့ သူတို့ရှာမတွေ့ခဲ့ပေ။
"ဒီလောက်တောင် အံ့ဩစရာကောင်းတဲ့အမျိုးသမီးမျိုးက တကယ်ကြီးကမ္ဘာမှာရှိတယ်ပေါ့"
"Veiled Queenက ဘယ်သူလဲဆိုတာ သိတဲ့သူရှိလား?"
"နတ်ဘုရားမက မြင်းစီးနေတုန်းမှာအရမ်းမိုက်တာပဲ"
ဖန်းမိုအာသည် ရှန်းယွဲ့ဆီက ဖုန်းလက်ခံရလိုက်တဲ့အချိန်တွင် ဟိုတယ်ကိုပြန်ရောက်နေပြီဖြစ်သည်။
"မစ္စဖန်း ၊ ဒီနေဘယ်လိုလဲ? ဘာလို့ Chanel ရဲ့ မန်နေဂျာကိုယ်တိုင်မင်းကို ပြောရေးဆိုခွင့်ရှိသူ လူရွေးပွဲကိုတတ်ဖို့ပြောရတာလဲ?"
အဲ့အချိန်တွင် Chanel သည် တရုတ်ပြည် ပြောရေးဆိုခွင့်ရှိသူအသစ် တစ်ယောက် ကိုရှာရန်လုပ်နေခဲ့သည်။ အင်တာတိမ်းမန့်အများစုက သူတို့ရဲ့ အမြင့်ဆုံးအနုပညာရှင်တွေကို ပို့ဖို့စီစဉ်နေကြသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...