Chapter 57: ငါ့ကိုဘော့စ်ဖန်းလို့ခေါ်

878 47 0
                                    








Chapter 57: ငါ့ကိုဘော့စ်ဖန်းလို့ခေါ်






ဖန်းမိုအာက ဘဝကိုဘယ်လိုပျော်ပျော်နေရမည်ကိုတကယ်ကြီးသိသည်။

ပြောစရာမလိုပေ ၊ သူမသည် သူတို့လိုစိတ်ကူးအသစ်တွေမရှာနိုင်တဲ့ တခြားသူတွေထက် အလုပ်မှာ သက်တောင့်သက်သာဖြစ်ခဲ့သည်။

အခုတော့ သူမကိုမနာလိုရမယ့်အစား၊ သူမကိုစာနာမိသွားကြသည်။

အဲ့နောက်မှာတော့ သူတိုဟာဌာနတစ်ခုတည်းက လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့ကြသည်။ တချို့အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေက ဝမ်းနည်းကာ မျက်ရည်များပင်ကျလာကြသည်။

"အငယ်အနှောင်းဖြစ်ပြီးအိမ်ကနှင်ချခံလိုက်ရတဲ့ ညီမတစ်ယောက်ငါ့မှာရှိတယ်။ သူမအိမ်ကနေနှင်ထုတ်ခံရတုန်းက ငါသူမကို နေစရာရှာပေးခဲ့ရတယ်။ အဲ့တာအရမ်းဝမ်းနည်းဖို့ကောင်းတယ်"

"မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကိုယ်အားကိုးပြီး သန်မာသင့်တယ်။ အရာအားလုံးက အနာဂတ်မှာပိုကောင်းလာလိမ့်မယ်"

လုပ်ဖော်ကိုင်ဖက်တွေအဟာ အားပေးစကားများကို မြန်မြန်ပြောကြသည်။

ဖန်းမိုအာက သူမရဲ့ ပစ္စည်းတွေကိုထုပ်ပိုးပြီးလှည့်လိုက်ကာ သူတို့ဆီကိုလျှောက်သွားလိုက်သည်။

လုပ်ဖော်ကိုင်ဖက်တွေက အမြန်ပဲ သူမသွားဖို့လမ်းဖယ်ပေးကြသည်။

"ဖန်းလေး အနာဂတ်မှာ ဘာအစီအစဉ်ရှိလဲ?"

ဌာနမှူးချီးကအပြစ်ရှိတဲ့စိတ်နဲ့ပဲ လျှောက်လာလေသည်။

သူမကို လိပ်စာကဒ်တစ်ခုပေးလိုက်ကာ "ဒါက ငါသိတဲ့ ကုမ္ပဏီတစ်ခုရဲ့ တာဝန်ခံတစ်ယောက်ပဲ။ သူတို့က သီချင်းရေးဆရာတစ်ယောက်ကိုရှာနေကြတာ၊ မင်းမှာသွားစရာမရှိသေးရင် သူတို့ကိုတော့အကြံပေးတယ်။ "

ဖန်းမုအာကဌာနမှူးချီးကိုကြည့်လိုက်ပြီး "ဌာနမှူးချီး ၊ ကျွန်မမှပိုက်ဆံဘူးလို့ထင်နေတာလား?"

ဌာနမှူးချီးကခေါင်းရမ်းလိုက်ပြီး သူမကိုကြည့်လိုက်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now