စာအုပ်တစ်အုပ်ထဲမှာ ရှိနေတာဟာ ဆိုးဝါးတဲ့ အရာတော့မဟုတ်ပါဘူး။
တကယ့်ဆိုးဝါးတဲ့အရာကတော့ ရက်စက်တဲ့ အရန်ဇာတ်ကောင်ဖြစ်လာတာပါပဲ!
ကံကောင်းစွာပဲ ဖန်းမိုအာသည် ရက်စက်တဲ့အမျိုးသမီးအဖြစ်မပြောင်းလဲသေးပေ။
အခုအချိန်အထိကတော့ ဖန်းမိုအာရဲ့ ပုံရိပ်သည် အချစ်အတွက် အကုန်ပုံအောပေးဆပ်ထားတဲ့ လူတစ်ယောက်ဖြစ်သည်။
သူမသည် ပိုးသားကုတင်ပေါ်မှာ လဲလျောင်းပြီး ရှုထောင့်ပေါင်းစုံမှ မြင်ရတဲ့ စမတ်ကျတဲ့ အိမ်ကြီးကို ကြည့်လိုက်ပီး သူမသည် ဤနေရာတွင်ပီးဆုံးသွားမည်ဖြစ်သောကြောင့် သူမရဲ့ ပစ္စည်းများကို ယူခဲ့သင့်သည်။
သူမဒီရောက်လာမှတော့ သူမဟာ ညစ်ပတ်တဲ့ ဇာတ်ကြောင်းကိုသူရဲ့ မူရင်းလမ်းကြောင်းကို ပြန်သွားဖို့ ခွင့်ပြုမှာမဟုတ်လေဘူး။
နောက်ဆုံးမှာတော့ သူမဟာ ရှီမိုရဲ့ ဇနီးဆိုတဲ့ ဦးတည်ချက်ပြောင်းသွားခဲ့သည်၊
ဖန်းမိုအာသည် သူမတင်းတင်းကြပ်ကြပ်ကိုင်ထားတဲ့ black card ဆီကို အကြည့်ရောက်သွားလေသည်။
ချက်ခြင်းပဲ သူမပြန်လည်ရှင်သန်လာသလို ခံစားခဲ့ရသည်။
သူမသည် 21 ရာစုမှသူတစ်ယောက်ဖြစ်တယ်လေ သူမမှာ ပိုက်ဆံသုံးနိုင်လေပျော်ရလေဆိုတာကို သူမတွေ့ကြုံခဲ့ရသည်။
"မစ္စ၊ ရှင့်မှာ အမြင်ကောင်းရှတာပဲ ။ ဒါကကျွန်မတို့ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းတွေထဲက တစ်ခုပါ။"
"ရှင့်ရဲ့ ပုံစံက ဝတ်စုံနဲ့ အရမ်းလိုက်ဖက်တယ်။"
ဖန်းမိုအာသည် "ကျွန်မ အကုန်လုံးကို ဝယ်ချင်တယ်။"
အရောင်းဝန်ထမ်းကတော့ ပါးစပ်နားရွက်ချိတ်မတတ်ပြုံးနေသည်။
သူမသည် ဖန်းမိုအာကို အဝတ်လဲခန်းကို လိုက်ပြလိုက်သည်။
ထိုအချိန်မှာပဲ အရေးကြီးတဲ့ ဖောက်သည်တစ်ဦးရောက်လာသည်။
"ရုန်လေး၊ ဒီမှာ ဒီဇိုင်းအသစ်တွေရှိတယ်။ ဝင်ကြည့်ရအောင်"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...