Chapter 86

290 20 0
                                    

ရှီမိုသူ့အဝတ်အိတ်ကိုဖြည်၍ လှည့်ကြည့်လိုက်ရာ ဖန်းမိုအာသည် အိပ်ယာပေါ်တွင် ကွေးနေသည်ကိုတွေ့လိုက်ရသည်။

သူသည် ရေနွေးဘူးကို အဝတ်အိတ်ထဲမှထုတ်လိုက်ကာ ရေနွေးဖြည့်လိုက်ပြီး သူမကိုပေးလိုက်သည်။

ဖန်းမိုအာမျက်တောင်ခက်လိုက်သည်။

သူမ မလှုပ်သည်ကိုမြင်ကာ ရှီမိုက ခါးကုန်းလိုက်ပြီး ရေနွေးဘူးကို သူမရဲ့ ဗိုက်ပေါ်ကိုတင်ပေးလိုက်သည်။

"မင်းရဲ့လက်နဲ့ခြေထောက်တွေအေးနေတာကို သိတယ်။ မင်းအရင်ရက်ကမှ ရာသီလာထားတာမလား။ ဒါကြောင့် ကိုယ်မင်းရဲ့ ဗိုက်ကို နွေးအောင်လုပ်ပေးတာ"

"ရှင်ဘယ်လိုသိတာလဲ?" ဖန်းမိုအာသူ့ကို အံအားသင့်စွာကြည့်လိုက်သည်။

ရှီမို တိတ်တဆိတ်ရယ်လိုက်တော့တယ်။

အဲ့ကျမှပဲ ဖန်းမိုအာသည် အရင်လကအိမ်ယာခင်းတစ်ခုပေသွားအောင်လုပ်ခဲ့တာကို သတိရလိုက်ကာ ရှက်လာတော့တယ်။

ဘာပဲဖြစ်ဖြစ် ဒါကအရမ်းတွေးပေးတတ်တာပဲ။

သူမအတွက် ဒီလိုပြင်ဆင်လာလိမ့်မည်ဆိုတာ မယုံကြည်နိုင်ပေ။

"အရင်ရက်တွေမှာ ကိုယ် ကိုင်တွယ်စရာရှိတာတွေအကုန်လုံးကို လုပ်ခဲ့ပြီးပြီ။ ကိုယ်ရဲ့ အချိန်ဇယားကို မင်းနဲ့ ရိုက်ကွင်းမှာအချိန်ပိုဖြုန်းနိုင်ဖို့ ရှင်းထားတယ်။" ရှီမိုက ညင်ညင်သာသာပြောလိုက်တယ်။

မနက်ခင်းရောက်သွားပြီဖြစ်သည်။

သူကကုတင်ပေါ်တွင်လှိမ့်လိုက်ပြီး သူမကို ဆွဲဖက်လိုက်တော့သည်။

ဖန်းမိုအာသည် မှီရန်နွေးထွေးမှုကိုရှာတွေ့သွားကာ အကုန်လုံးမေ့သွားတော့တယ်။ သူရဲ့ ဆွဲဆောင်မှုရှိတဲ့အသံကို ကြားလိုက်တယ် "ကိုယ်မင်းကို မနက်ဖြန် ပြောရေးဆိုခွင့်ရှိသူ လူရွေးပွဲနေရာကို ပို့ပေးမယ်"

နောက်တစ်ညနေခင်းတွင်

ရှီမိုသည် ဟိုတယ်အဝင်ဝသို့ကားမောင်းပို့ပေးခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် အနီရောင်sport ကားသည်လည်း ရောက်လာခဲ့သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now