Chapter 43 : "အာ့ နာတယ်"

1K 54 2
                                    

Chapter 43

"သခင်မလေး၊ တစ်ခုခုအရင်စားလိုက်ပါ! အိပ်ရာနိုးရင်ဗိုက်ဆာနေလိမ့်မယ်လို့သခင်လေးကပြောတယ်တယ်" ဖန်းမိုအာကိုအိမ်အကူကအောက်ထပ်ကို ခေါ်သွားလိုက်၏။

ထိုမှသာဖန်းမိုအာသည်သူမရဲ့အစာအိမ်ကပြားချပ်နေကာ အလွန်ဗိုက်ဆာနေပြီဆိုတာကိုခံစားမိလိုက်တော့သည်။

ဖန်းမိုအာဟာအားရပါးရစားတော့တယ်။ စားပြီးတာနှင့်ပါးစပ်သုတ်လိုက်ကာ "ဟုတ်သားပဲ ကျွန်မယောင်္ကျားက ဘယ်မှာလဲ?"

အခုသူမနိုးလာပြီဆိုတော့ သေချာပေါက်သူမကိုတွေ့ဖို့ သူအပြေးပြန်လာမှာပဲ။

အိမ်အကူသည်ဒုတိယထပ်မှာရှိတဲ့စာကြည့်ခန်းကိုညွှန်ပြလိုက်တယ်။

ဖန်းမိုအာလည်းဒုတိယထပ်ကိုကြည့်လိုက်ပြီးအမြန်ထလိုက်ကာ "ဘာကြီး ? သူကစာကြည့်ခန်းထဲမှာဟုတ်လား?"

အိမ်အကူကခေါင်းညိတ်လိုက်သည်။

ဖန်းမိုအာမယုံနိုင်ဖြစ်သွားသည်။ "ဒါဆို ကျွန်မသတိလစ်နေတုန်းက သူကျွန်မကိုလာကြည့်သေးလား?"

သူသည် သူမကိုတစ်ရက်နဲ့တစ်ညစောင့်ကြည့်နေခဲ့တယ်ဆိုတာကိုအမြန်ပြောပြလိုက်ပြီး သူသည်အလွန်ပင်ပန်းနေတာကြောင့် အိပ်ဖို့လုပ်နေသည်ကိုပြောလိုက်လေသည်။

အိမ်အကူက "ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မှဂရုမစိုက်ပဲ တခြားသူတွေကိုယ့်ကိုဂရုစိုက်ဖို့ ဘယ်လိုမျှော်လင့်လို့ရမလဲ?လို့ သခင်လေးကပြောခဲ့ပါတယ်"

ဖန်းမိုအာ တိတ်ဆိတ်သွားတော့သည်။

သူမကိုစိတ်ဆိုးနေတာလား?

သူမ လှေကားထစ်ပေါ်တတ်လိုက်ပြီး သူမသည်သူခိုးလိုပြုမူနေရတဲ့အကြောင်းကိုဘုရားပဲသိလိမ့်မယ်။

စာကြည့်ခန်းတံခါးကို ခေါက်လိုက်သည်။ အတွင်းမှစူးရှတဲ့အသံတစ်သံထွက်လာသည် "ဝင်ခဲ့ပါ"

သူမကိုမြင်လိုက်တာနဲ့ သူကတစ်ချက်ကြည့်လိုက်ပြီး အကြည့်ကိုရွှေ့လိုက်တော့တယ်။

အမလေး သူတကယ်ကြီးစိတ်ဆိုးနေတာပဲ။
ဖန်းမိုအာကခြောက်ခြောက်ကပ်ကပ်ချောင်းဆိုးလိုက်ပြီး စိတ်ပင်ပန်းနေတဲ့အမူအရာနဲ့ပဲ သူမလက်ကိုဆန့်လိုက်ကာ "အိုး နောက်ကျောကဘာလို့နာနေတာပါလိမ့်? ယောင်္ကျား ကျွန်မပခုံးကိုနှိပ်ပေးလို့ရမလား။ ဒီနားလေးကို"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now