Chapter 54: ယွမ်သန်း100လျှော်ကြေးပေးရန်

781 37 1
                                    





Chapter 54: ယွမ်သန်း100လျှော်ကြေးပေးရန်






"ဟင်?" တခြားလုပ်ဖော်ကိုင်ဖက်တွေကကြောင်သွားတော့သည်။

ကုမ္ပဏီကဝန်ထမ်းတွေကို သီးသန့်အလုပ်လက်ခံခြင်းကိုတားမြစ်ထားသည်မှာအမှန်ဖြစ်သည်။

သို့သော် ဖန်းမိုအာက သီးသန့်အလုပ်လက်ခံမဲ့သူမျိုးလား?

သူမကနေ့တိုင်းအေးဆေးနေပြီးတော့ သူမရဲ့ အလုပ်ကိုတောင် နောက်ဆုံးရက်အထိမအပ်သေးတဲ့သူမျိုးဖြစ်သည်။ ဘယ်လိုဖြစ်ပြီး သူမကတခြားကုမ္ပဏီအတွက် အလုပ်လုပ်ပေးဖြစ်သွားတာလဲ?

ဒါကတော့နားလည်ဖို့ခက်လွန်းတယ်။

ဖန်းမိုအာကိုမူချန်ရဲ့ရုံးခန်းထဲကိုခေါ်သွားလိုက်သည်။

မူချန်ကလက်ပိုက်ထားပြီး သူမကိုအေးစက်စက်ကြည့်လိုက်သည်။ "ဖန်းမိုအာ ၊ မင်းရဲစာချုပ်ကသက်တမ်းကုန်တော့မှာ ငါသိတယ်။ မင်းတခြားကုမ္ပဏီအတွက် သီချင်းရေးပေနေမယ်လို့တော့ ငါမထင်ထားဘူး။ မင်းကအရမ်းစိတ်မရှည်တတ်တာပဲ"

မူချန် ကကွန်ပြူတာကိုဖွင့်လိုက်ပြီး မေးလ်ကိုကြည့်လိုက်သည်။

သူကဖန်းမိုအာပို့ထားတဲ့မေးလ်ကို ပရင့်ထုတ်လိုက်သည်။

"မင်းငါတို့ကုမ္ပဏီမှာရှိနေတုန်းမှာတောင် တခြားကုမ္ပဏိအတွက်သီချင်းကိုလက်ခံရေးပေးတယ်ပေါ့။ ငါတို့ရဲ့စာချုပ်အရ မင်းကစာချုပ်ချိုးဖောက်မှုအတွက် ယွမ်သန်း100ပေးရမယ်။"

အဲ့ကျမှပဲ မူချန်ရဲ့ အကြံဆိုတာကို ဖန်းမိုအာနားလည်သွားတော့တယ်။

ဒီအလုပ်ကို ဌာနမှူးချီးကပေးခဲ့သေချာသည်။

"ဒါကိုဌာနမှူးချီးက ကျွန်မကိုပေးခဲ့တာ"

"ဟမ့် ၊ ငါတို့ကုမ္ပဏီမှာ အဲ့လိုအချက်အလက်မျိုးမရှိဘူး"

မကြာလိုက်ပါဘူး။ ဌာနမှူးချီးက သူ့ခေါင်းကိုငုံ့ထားတော့တယ်။

ဖန်းမိုအာရဲ့အကြည့်နဲ့ဆုံလိုက်ချိန်မှာတော့ ဌာနမှူးချီးက အသံတိုးတိုးဖြင့် " ငါဖန်းလေးကိုဒီနေ့အနားယူဖို့ပဲပြောခဲ့တာပါ။ ငါမင်းကိုဘာအလုပ်မှမပေးခဲ့ဘူး"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now