အရောင်းစာရေးသည်အမြန်ပြုံးလိုက်ကာ သူတို့နှစ်ယောက်ကို မျက်စိအကျနိုင်ဆုံးနေရာကို ခေါ်သွားခဲ့သည်။
"ဒါကတော့ ကျွန်မတို့ရဲ့ နာမည်ကြီးနာရီပါ"
ဖန်းမိုအာသည်ဈေးနှုန်းကိုငုံ့ကြည့်လိုက်ကာ ၊ 'အမလေး ဆယ်မီလီယံ'
သူမ မတတ်နိုင်ဘူးလေ။
သို့သော် သူမနောက်မဆုတ်နိုင်ပေ။ ဒါကြောင့် ဖန်းမိုအာသည်ခေါင်းရမ်းလိုက်ကာ " ငါသိပ်မကြိုက်ဘူး။ တခြားတစ်ခုကိုအရင်ပြပေး"
ဖန်းဟန်သည် သူမနောက်တွင် ကြိတ်ရယ်နေခဲ့သည်။
သူတို့နှစ်ယောက်သည် နာရီအစဉ်လိုက်ထားသည့် မှန်ဗီရိုကို သွားကြည့်ကြသည်။
တစ်ခုချင်းစီသည် ယွမ်သိန်းတစ်ထောင်တန်ဖိုးရှိသည်။
"ညီမလေး ဘယ်ဟာကြိုက်လဲကြည့်ကြည့် ။ ညီမလေးကြိုက်တာဝယ် ။ မမမှာပိုက်ဆံရှိတယ်" ဖန်းမိုအာသည် ဖန်းဟန်ကိုပြောလိုက်သည်။
ဖန်းဟန်သည် သူမတွင် ပိုက်ဆံနည်းနည်းပဲရှိသည်ကိုသိသည်။ ဒါကြောင့်သူမသည် အလိုက်အထိုက်လိုက်ပြောလိုက်သည် ညီမထင်တာဒီတစ်ခုမဆိုးဘူး။ "အဲ့တာလေးအရမ်းလှတယ်"
"အဲ့လိုဆိုလည်း အဲ့တာယူမယ်။ အဲ့တာကနင်နဲ့လိုက်တယ် "
ဖန်းမိုအာသည်လည်း ယွမ်သိန်းတစ်ထောင်တန် နာရီကိုပဲရွေးလိုက်သည်။သူမကြည့်လိုက်သည့်အခါ အရောင်းစာရေးသည် သူမတို့ဟာ ဈေးကြီးသည့်အရာကိုမဝယ်နိုင်သည်ကိုသိသည် ဟူသော အပြုံးပြုံးနေတာကိုမြင်လိုက်သည်။
ဖန်းမိုအာ အနည်းငယ်ရှက်သွားသည်။ သူမကထပ်ပြောလိုက်သည် "ငါဒါမလိုချင်တော့ဘူး။ တခြားကျန်တဲ့ဟာတွေအကုန်ထုတ်ပေး။ ငါ အမျိုးသမီးဝတ်နာရီတွေအကုန်ငါ့ညီမနဲ့ အတူဝတ်မယ်။
ပြီးတော့ အမျိုးသားဝတ်နာရီတွေကို ယောင်္ကျားလေးတွေကိုပေးမယ်။"သူမသည်နာရီအလုံးနှစ်ဆယ်ထက်မနဲ ဝယ်လိုက်သည်။
အရောင်းစာရေးမ၏ပါးစပ်သည် နားကိုချိတ်မတတ်ပြုံးနေခဲ့ပြီး အမြန်ပင် နာရီများကို လေးလေးစားစားဖြင့်ထုတ်ပေးလိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...