ငယ်စဉ်ကတည်းက သူသည် ဖန်းမိုအာနှင့်အကြိမ်အနည်းငယ်တွေ့ခဲ့ဖူးသည်။ အကြိမ်တိုင်း သူမက သူ့ကိုအထင်သေးသည့်အကြည့်ဖြင့်ကြည့်တတ်သည်။
မူချန်ကသူမကိုအနိုင်ကျင့်သည်ကိုသူတစ်ကြိမ်မြင်ခဲ့ဖူးသည်။ မူချန်သည် သူမပေးသမျှလက်ဆောင်တွေကို မြေကြီးပေါ်ကိုလွှင့်ပစ်နေခဲ့သည်။ ဖန်းခိုင်မနေနိုင်တော့ပဲ အဲ့လူကိုထိုးခဲ့သည်။ သို့သော် ဖန်းမိုအာက အပြစ်တင်ကာကိုယ့်ကိစ္စကိုသာဂရုစိုက်ရန်နှင့် သူမရှေ့ထပ်မပေါ်လာရန်ပြောခဲ့သည်။
သူမကတုံးအသည်ကိုဖန်းခိုင်သိလိုက်၏။ သူမတွင်အမြင်မကောင်းရုံသာမက အကောင်းအဆိုးပင်မခွဲခြားနိုင်ပေ။
သူမကိုတခြားလူတစ်ယောက်မှအနိုင်ကျင့်လာတာတောင်မှ သူမသည် သူမကိုယ်သူမအပြစ်တင်ပြီး စိတ်ရှုပ်ထွေးစွာအိမ်ပြန်သွားခဲ့သည်။
အဲ့နောက်တွင်တည်း ဖန်းခိုင်သည် သူမဟာမကောင်းတဲ့ယောင်္ကျားတစ်ယောက်အတွက် အကုန်လုံးကိုစွန့်လွှတ် အနစ်နာခံသည်ကိုကြားရသည့်အချိန်များတွင် သူသည် သူမကိုအထင်သေးရုံသာတတ်နိုင်တော့သည်။
အခုတော့ အဲ့ဒီရူးကြောင်ကြောင်အမျိုးသမီးသည် သူ့အတွက်လက်ဆောင်ကိုတကယ်ကြီး ဝယ်လာခဲ့သည်။
ဟမ့်၊ သူမအရင်တုန်းက သူ့ကိုပြောခဲ့တာတွေကိုမေ့သွားပြီလား?
မယုံကြည်နိုင်ဖြစ်နေသေးပေမဲ့ ဖန်းခိုင်သည်လက်ဆောင်ကိုလက်ခံဆဲဖြစ်သည်။
ဒုတိယအမနဲ့ အဖေတောင်လက်ဆောင်ရတာ သူ မယူစရာအကြောင်းမရှိပေ။
ဖန်းမိုအာလက်ဆောင်ပေးပြီးနောက်တွင် သူမသည် ဖန်းစံအိမ်တွင်သူမ မပြန်ခင်ခဏမျှထိုင်ခဲ့သည်။
ဖန်းစံအိမ်တွင် ဖန်းခိုင်သည်နောက်ဆုံးတွင် လက်ဆောင်ကိုဖောက်ဖွင့်ကြည့်လိုက်သည်။ သူသည်ဘူးထဲရှိ ဖက်ရှင်ကျတဲ့နာရီကိုထုတ်လိုက်ကာ သူ့လက်တွင် အထင်သေးစွာပတ်လိုက်သည်။
သို့သော် သူကြည့်လေကြည့်လေ ပိုပြီးကျေနပ်လာလေဖြစ်သည်။
ဖန်းမိုအာတွင်အမြင်ကောင်းရှိလိမ့်မည်ကိုမထင်ထားပေ။ ဤနာရီသည် သူနဲ့ကွက်တိပင်ဖြစ်သည်။ သူမအဲ့တာကိုရွေးဖို့အရမ်းအားစိုက်ထားခဲ့ရမှာပဲ။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...