Chapter 76:

437 30 2
                                    

ပိုင်ရုန်နှုတ်ခမ်းကိုက်လိုက်တယ်။ သူမသည် ဖန်းမိုအာဆီကို ထိခိုက်စေလိုတဲ့ဆန္ဒနဲ့သွားခဲ့တာမဟုတ်ပေ။

ဖန်းမိုအာကတော့ သူမနဲ့ငြင်းချင်စိတ်မရှိပေ။

ဒါရိုက်တာက ရုပ်ရှင်အဖွဲ့ရဲ့ ဆရာဝန်ကိုခေါ်လိုက်ကာ ပိုင်ရုန်ရဲ့ အခန်းထဲသို့ သူမရဲ့ဒဏ်ရာကို စစ်ဆေးရန် လွှတ်လိုက်သည်။

ဇာတ်လိုက်နှစ်ယောက်သည်လည်း လန့်သွားကြသည်။ ဒါကြောင့် ဒီနေ့ရဲ့ ရိုက်ကွင်းကို ဒီမှာတင်အဆုံးသတ်ရမည့်ပုံရှိသည်။

လျန်ချီးသည် ဖန်းမိုအာဆီကိုသွားလိုက်ကာ "မင်းအခု ကြောက်မသွားဘူးမလား?"

ဖန်မိုအာကပခုံးတွန့်လိုက်ပြီး "ဒီလောက်ကြီးတဲ့ကျားကနောက်ကနေလိုက်လာတာကို မကြောက်တဲ့သူရှိမလား? ပိုအန္တရာယ်ရှိလေ၊ ပိုပြီးသတိကပ်သင့်လေပဲ"

သူမသာပိုင်ရုန်လိုပြေးဖို့သာသိတဲ့သူဆိုပါက သူမသည် အမဲလိုက်ခံရလိမ့်မည်။

အဲ့အစားသူမသည် ကျားကိုမတ်လုံးပေးနိုင်မည့်အရာကိုရှာဖွေရန်ကြိုးစားခဲ့သည်။

လျန်ချီးသည် သူမကို သဘောကျစွာကြည့်လိုက်သည်။

အခုလေးတင်ဖန်းမိုအာရဲ့ အပြုအမူသည် အရမ်းအံဩစရာကောင်းသည်။

"ကြည့်ရတာဒီနေ့တော့ငါ့တို့ဆက်ပြီး ရိုက်ကူးရေးလုပ်နိုင်မယ့်ပုံမပေါ်ဘူး။ ငါတို့ရဲ့ ဇာတ်ဝင်ခန်းကိုဘာလို့အရင်မလုပ်ရမှာလဲ?" လျန်ချီးကအကြံပေးလိုက်တယ်။

"သေချာတာပေါ့ "ဖန်းမိုအာကလျန်ချီးနောက်ကိုလိုက်ပြီး ထောင့်တစ်နေရာမှာ ဇာတ်ညွှန်းစာအုပ်ကိုထုတ်လိုက်သည်။

ဇာတ်ညွှန်းကို အများကြီးပြောင်းလဲလိုက်တာကြောင့် ဖန်းမိုအာပင် ဇာတ်ကွက်တစ်ခုလုံးကို မမှတ်မိသေးပေ။

သူတို့နှစ်ယောက်သည် သူတို့၏သရုပ်ဆောင်မှုပေါ်တွင် အလေးအနက်ရှိလှသည်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်ထဲတွင် စီးမြောနေကြသည်။

မူချန်သည် ရိုက်ကွင်းသို့ အမြန်ပြေးလာခဲ့သည်။

ဆေးခန်းတွင် ပိုင်ရုန်သည် မျက်ရည်ကျနေပြီး သူမမူချန်ကိုမြင်လိုက်တာနဲ့ ပြင်းထန်စွာမျက်ရည်များကျလာတော့သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now