Chapter 27: Mu Chen နှင့် ချိန်းဆိုမှု

1K 64 1
                                    

Chapter 27: Mu Chen နှင့် ချိန်းဆိုမှု

ပိုင်ရုန်သည်လည်းအရမ်းမှားနေသလိုခံစားလိုက်ရသည်။

သဘာဝကျကျပြောရရင် ဆုံးဖြတ်ထားပြီးသားဖြစ်သင့်သည်။ သို့ပေမဲ့ တဖက်သည်စည်းမျဉ်းအတိုင်းကစားခဲ့သည့်ပုံမပေါ်သဖြင့် "သူတို့ကပိုသင့်တော်တဲ့သူကိုရှာတွေ့ခဲ့တယ်လို့" ပဲ သူမပြောနိုင်တော့တယ်။

မူချန်ကဒေါသတကြီးနဲ့ "ဒါကဘယ်လိုဖြစ်တာလဲ!"

"အကိုမူချန် ညီမဘာလုပ်ရမလဲ? လူပြောင်းလိုက်ကြပေမဲ့ ဖန်တွေကတော့ သီချင်းကိုညီမအပိုင်လို့ထင်နေကြတာ။ ကြိုပြောလိုက်မိတာ ညီမရဲ့အမှားပါ။ စာချုပ်မှာလက်မှတ်ထိုးပြီးမှပြောလိုက်သင့်တာကို"

ပိုင်ရုန်သည် အပြစ်ရှိစိတ်ဖြင့် စိတ်မအေးဖြစ်နေပုံပေါ်နေသည်။ မူချန် သည် သူမ၏သနားစရာကောင်းသော အကြည့်ကိုမြင်ကာ နှလုံးသားများအရည်ပျော်သွားလေသည်။

သူသည်အမြန်အရှေကိုတိုးလိုက်ကာ သူမမျက်ရည်များကိုသုတ်ရန်တစ်ရှူးယူလိုက်သည်။ "မင်းကတကယ်ကိုရေနဲ့လုပ်ထားတာပဲ ။ ဘာလို့ထပ်ငိုနေရပြန်တာလဲ? မစိုးရိမ်ပါနဲ့ ကုမ္ပဏီကမင်းအတွက် လူထုအမြင်ကိုကောင်းအောင်လုပ်ပေးမှာပါ။ တခြားတစ်ယောက်ကမင်းရဲ့သီချင်းကိုခိုးသွားတာက မင်းအပြစ်မဟုတ်ဘူးလေ" (နွားမှမျက်စိမမြင်တဲ့နွား)

ပိုင်ရုန်သည် သူဒေါသထွက်မည်ကိုကြောက်သည့်ပုံစံပြုမူနေသည်။ သူမသည် သူ့ကိုကြည့်လိုက်ပြီး စိတ်မသက်မသာနဲ့နောက်ပြန်ဆုတ်လိုက်သေးသည်။

မူချန်သည်သူမကိုနောက်ဆုံးမချော့ခင် ပိုင်ရုန်ကိုကြင်နာစွာပြောကာနှစ်သိပ့်လိုက်သည်။

ကုမ္ပဏီသည် PR လုပ်ရှားမှုကိုချက်ချင်းစတင်ခဲ့သည်။ ပိုင်ရုန်ကမူလကရွေးချယ်ခံထားရတဲ့သူဖြစ်တယ်၊ ဒါပေမဲ့ ဘယ်ကပေါ်လာမှန်းမသိသောThe Veiled Queen ကသူမနေရာကိုအစားထိုးသွားခဲ့တယ်လို့ သူတို့ကပြောခဲ့တယ်။

ပိုင်ရုန်၏ဖန်များအားလုံးသည် သူမကိုယ်စားစိတ်မကောင်းဖြစ်ခဲ့ကြပြီး The Veiled Queen ၏ weibo အကောင့်တွင်မကျေနပ်ကြောင်းလာပြောကြတော့သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now