ဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။
ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန်
သူမ၏ မိသားစု ပိုင်ဆိုင်မှုနှင့် အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်လိုက်ရသော ဇာတ်ပို့ လေးဖြစ်တယ်။ ဒါတောင်
သူတို့မင်္ဂလာဆောင်ညမှာ အမျိုးသားဇာတ်လိုက်က တော့အမျိုးသမီးဇာတ်လိုက်နဲ့ ဖောက်ပြန်နေဆဲပါ။ မူလဇာတ်ကွက်အရ ဖန်းမိုအာသည် သူမ၏ဒေါသကိုမျိုသိပ်ပီး အမျိုးသားဇာတ်လိုက်ကိုလက်ထပ်ရန် ရွေးချယ်ဆဲဖြစ်သည်။
နောက်ဆုံးတွင်၊ လူပေလူတေအမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်လိုက်အတွက် သူမ၏ပိုင်ဆိုင်မှုအားလုံးကို အသုံးချသွားဦးမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမသည် မနာလိုစိတ်ကြောင့် ရူးသွပ်သောတစ်ခုခုကို လုပ်ကာ နောက်ဆုံးတွင် သူမ၏ဂုဏ်သိက္ခာကို ပျက်စီးခံလိုက်ရတယ်။
သူမဒီလမ်းကို ဘယ်တော့မှ မလျှောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
မြို့ပြရေးရာဗျူရိုရှေ့တွင် ယခုမှ ကူးပြောင်းလာသော ဖန်းမိုအာသည် သူမအားမဂ်လာပွဲရွှေဆိုင်းရန် ပြောဆိုလာသောဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပီး တိုင်ဆိုင်စွာပင် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားက သူမအနားသိုံ လျှောက်လာပီး"မိန်းကလေး၊ မင်းသတို့သားဒီမှာမရှိသလို ငါ့သတို့သမီးကလည်းထွက်ပြေးသွားတယ် ငါတို့ ဘာကြောင့် လက်မထပ်ကြတာလဲ"
ဖန်းမိုအာက သူ့ကို ဂရုမစိုက်ပဲ သူဘယ်သူလဲဆိုတာ တွေးနေမိတယ်။
ဒီဝတ္ထုမှာ ဒီလိုမိမိုက်နေတဲ့ ဇာတ်ကောင် ပါတာကို သူမမမှတ်မိပါ။
အဲ့ အမျိုးသားကဆက်ပြောတယ်"အိုး၊ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ် ငါကရှီမိုပါ" ဖန်းမိုအာ ရဲ့ မျက်လုံးတွေက မျက်လုံးအိမ်ကနေထွက်ကျလုနီးပါးဖြစ်နေတယ်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...