chapter 8: သူမချမ်းသာမှုကိုချပြပြီ!
Creative အင်တာတိန်းမန့် ၏ဝင်ပေါက်တွင်
ဇိမ်ခံကားတစ်စီးသည် အရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။
ဧည့်ကြိုကောင်တာမှဝန်းထမ်းများသည် စိုက်ကြည့်နေကြသည်။
ဒီကားရဲ့ရောင်းဈေးသည်အနည်းဆုံးသိန်းဆယ်ဂဏန်းတန်သည်။
ကုမ္ပဏီကိုရောက်လာတဲ့ဒီအရေးပါတဲ့သူကဘယ်သူဖြစ်မလဲ?
ထိုအချိန်တွင် ကားတံခါးပွင့်လာသည်။
အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်သည်ကားပေါ်မှဆင်းလာသည်။
ဧည့်ကြိုဝန်ထမ်းများသည် ဝေးနေသောကြောင့်သူမကိုချက်ချင်းမမှတ်မိဘဲ ဓာတ်ပုံခိုးရိုက်ရန်ဖုန်းကိုထုတ်လိုက်ကြသည်။
သို့သော်ထိုပုဂ္ဂိုလ်သည်မှာဧည့်ကြိုဝန်ထမ်းများနှင့် နီးလာသည်နှင့်အမျှအံ့ဩသွားကြသည်။
"ဖန်းမိုအာ! တကယ်ပဲရှင်လား?"
ဖန်းမိုအာသည် ဖြေးညင်းစွာလမ်းလျှောက်ဝင်လာပီး ဧည့်ကြိုဝန်ထမ်းများသည် သူမကိုမယုံကြည်နိုင်စွာကြည့်နေသည်ကိုတွေ့လိုက်ရသည်။
သူမသည်နှလုံးခုန်မြန်သွားကာ ရုတ်တရက်အဖြစ်အပျက်တစ်ခုကို တွေးလိုက်မိသည်။
မူချန်ရဲ့ ချောမောမှုကိုမီးမောင်းထိုးပြရန် စာရေးဆရာသည် ဤအခြေအနေကိုသတ်မှတ်ခဲ့သည်။
မူချန်ပေါ်လာသည်နှင့် ကုမ္ပဏီရှိအမျိုးသမီးလုပ်ဖော်ကိုင်ဖက်များသည် သူ့ကိုမြင်ကာ စွဲမက်သွားသည့်အမူအရာများရှိကြလိမ့်မည်။
သူတို့သည် အမျိုးသားတစ်ယောက်ကိုတစ်ခါမှမမြင်ခဲ့ဘူးသလို ပဲ။
အဲ့ဒါက သူတိုအားလုံးဟာရုတ်တရက်သူ့ရဲ့ကလေးကိုကိုယ်ဝန်ဆောင်ထားရသလိုပင် ခံစားရစေသည်။
ဖန်းမိုအာသည် သူမရဲ့ဘရန်းအိတ်ကိုကိုင်ကာအနုပညာရှင်တစ်ယောက်လိုသူမရဲ့ တင်ပါးကိုလှုပ်ကာ ပေါ့ပေါ့ပါးပါးလမ်းလျှောက်သွားလေသည်။
"ဒီနေ့ကုမ္ပဏီမှာလုပ်စရာရှိလိုလာတာ။ ဒီမှာဘာတွေဖြစ်နေတာလဲ?"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...