မူရွဲ့သည် ဘယ်သူ့ကိုမှတလေးတစားမပြုမူခဲ့ပေ။ သူတစ်ခုခုပြောတော့မည်အလုပ်တွင် Veiled Queen သည် ဝိုင်တစ်ခွက်ယူကာ သောက်လိုက်တာကို မြင်လိုက်သည်။
ဒီဝိုင်သည် အသီးဝိုင်ဖြစ်ပြီး အရက်ပါဝင်နှုန်းနည်းသည်။ ဒါကြောင့်ဖန်းမိုအာက တုံ့ဆိုင်းမနေဘဲသောက်လိုက်သည်။
သူမသောက်ပြီးတာနဲ့ သူမကပြုံးလိုက်ကာ သူမရှေ့ရှိလူတိုင်းကို "ကျွန်မအရင်သွားလိုက်ပါဦးမယ်"
"ခဏလောက်" မူရွဲ့ကအသံနက်နက်နဲ့ပြောလိုက်တယ်။
ဖန်းမိုအာကသွားနေရင်းရပ်လိုက်ပြီး ပြုံးကာ "ကျွန်မမှာ နောက်တစ်ပွဲတတ်စရာရှိသေးလို့ပါ။ ဒါကြောင့်အချိန်သိပ်မရှိဘူလေ။ မစ္စတာမူရွဲ့ တခြားကိစ္စများဆွေးနွေးဖို့ရှိရင် ကျွန်မကိုနောက်ကျ ဆက်သွယ်နိုင်ပါတယ်"
ဖန်းမိုအာက သူမရဲ့ လက်ကောက်ဝတ်မှ တန်ဖိုးကြီးနာရီကိုကြည့်လိုက်သည်။
တခြားသူများသည် မူရွဲ့သည်Veiled Queen ရဲ့ ဖျော်ဖြေမှုကိုသဘောကျတာကြောင့် သူမနဲ့စကားပြောချင်သည်ဟုထင်နေကြသည်။
သို့သော် Veiled Queen သည် အလုပ်များနေတာမလား?
သခင်လေးယွမ်က "အဲ့လိုဆိုရင် သခင်လေးမူ မင်းဘာလို."
အဲ့နောက်တွင် မူချန်ရဲ့အသံသည် မဝေးသည့်နေရာမှ ထွက်လာခဲ့သည် "အကို"
မူချန်သည် မူရွဲ့ဆီကိုလျောက်လာလိုက်သည်။ "ကျွန်တော်ကြားတာ Chanel ရဲ့ တာဝန်ရှိပုဂ္ဂိုလ်က ပွဲကိုလာတယ်ဆိုလို လာကြည့်တာ။ ရုန်လေးက ဘရန်အတွက် တရုတ်ကိုယ်စားပြုပြောရေးဆိုခွင့်ရှိသူ နဲ့ အရမ်းလိုက်ဖက်တယ်"
မူချန်သည် Chanel ရဲ့ တာဝန်ရှိပုဂ္ဂိုလ်သည် ဒီနိုင်ငံကိုရောက်နေသည်ကိုသိသည်။
မူမိသားစု စတိုးသည် Chanel နှင့်ပါတနာများဖြစ်တာကြောင့် တာဝန်ရှိပုဂ္ဂိုလ်သည် မူမိသားစုကို လွန်ခဲ့သောရက်ကလာရောက်ခဲ့သည်။
သူဒီနေ့အဖိတ်ကြားခံရသည်ကိုကြားခဲ့သည်။
မူရွဲ့က Veiled Queen ကိုကြည့်ကာ "ငါမင်းကို မစ္စတာချက်ခ်နဲ့ မိတ်ဆက်ပေးမယ်လေ"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...