Chapter 40
ပွဲနေရာကိုကားရောက်လာတဲ့အခါမှာ ရှောင်တျန်းကကားတံခါးကိုဖွင့်လိုက်သည်။
သူမသည်အိပ်ပျော်နေသောဖန်းမိုအာကိုအမြန်လှုပ်လိုက်ကာ "အမပြင်ဆင်ရတော့မယ်"
ဖန်းမိုအာသည်အကြောဆန့်လိုက်ပြီးရုတ်တရက်အလွန်ပင်ပန်းနေတယ်လို့ခံစားနေရသည်။
သို့သော် သူမသည်ကားထဲမှထွက်လိုက်ကာ အဝတ်လဲခန်းကိုသွားလိုက်သည်။
ဖန်းမိုအာသည်အမြန်ပုဝါကိုဝတ်လိုက်ကာ စတိုင်လစ်များ၏အကူအညီအောက်တွင် ငြိမ်သက်စွာထိုင်နေသည်။
သူမသည်အနည်းငယ်အိပ်ငိုက်လာသလိုခံစားနေရသည်။
မနေနိုင်တော့ပဲ သမ်းလိုက်ကာ ခဏကြာတော့အိပ်ပျော်သွားတော့သည်။
ဖန်းမိုအာသည်ပုံမှန်အခြေအနေမဟုတ်သည်ကိုတွေ့လိုက်ရသည်နှင့် ရှောင်တျန်းသည် ဖန်းမိုအာကိုထပ်၍လှုပ်လိုက်သည်။
"အမ၊ ကျွန်မတို့ကလှည့်ရောက်တော့မယ်။ အမဘာလို့ဒီနေ့ပုံမှန်မဟုတ်နေတာလဲ?"
ဖန်းမိုအာသည်စတိုင်လစ်များထွက်သွားသည်မြင်လိုက်ပြီး သူမနှင့်ရှောင်တျန်းနှစ်ယောက်သာကျန်တော့သည်ကိုသိလိုက်သည်။
"ငါဘယ်လောက်တောင်အိပ်လိုက်တာလဲ?" ဖန်းမိုအာသည်အင်အားလုံးဝမရှိကာမျက်လုံးများကိုဖွင့်ရန်ပင် ရုံးကန်နေရသည်ကိုသတိထားမိလိုက်သည်။ရှောင်တျန်းကအမြန်ပဲ "အမတစ်နာရီတောင်အိပ်ထားတာ။ အမအဆင်ပြေရဲ့လား?"
ရှောင်တျန်းသည်ဖန်းမိုအာအခြေအနေမကောင်းသည်ကိုပြောနိုင်နေသည်။
အဲ့ချိန်မှာပဲ ဝန်ထမ်းတစ်ဦးကတံခါးဝတွင်ပေါ်လာကာ "ဖျော်ဖြေပွဲစတော့မယ်"
ဒီပွဲအတွက် အဖွဲ့လိုက်ဇာတ်ဝင်သီချင်းကိုအဖွင့်သီချင်းအနေနဲ့ဖျော်ဖြေမှာဖြစ်သည်။
အဲ့နောက်မှာတော့ တီဗွီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင်တွေကိုတိုက်ရိုက်အင်တာဗျုးမှာဖြစ်သည်။
"ငါ့ကိုကူဦး" ဟုဖန်းမိုအာကအားနည်းစွာပြောလိုက်သည်။
ရှောင်တျန်းကလန့်သွားပြီးအရှေ့ကိုအမြန်လျှောက်လိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...