Chapter 24: ဖုံးကွယ်ထားတဲ့ဘုရင်မ
ဓာတ်လှေကားတံခါးဟာပွင့်လာခဲ့တယ်။
မူချန်သည်ပလိပ်ရောဂါကိုရှောင်နေသကဲ့သို့ ခြေလှမ်းကျဲကျဲဖြင့်ထွက်ခွာသွားတော့တယ်။
အဲ့နောက်တော့ ဖန်းမိုအာသည်ဓာတ်လှေကားမှဖြည်းညင်းစွာထွက်လာခဲ့လိုက်သည်။
သူမသည်သူ့ကိုအခွင့်အရေးပေးခဲ့သော်လည်း၎င်းအခွင့်ကောင်းကိုမယူခဲ့ပေ။
မူချန်၏မျက်လုံးထဲတွင်တော့ ပိုင်ရုန်သည်ကုမ္ပဏီ၏ခိုင်မာသောပုံမှန်ဝင်ငွေဖြစ်ပုံရသည်။
ကုမ္ပဏီ၏အဓိကဝင်ပေါက်ရှေ့တွင် ကားတစ်စီးသည်ရပ်နေပြီးဖြစ်သည်။
ဖန်းမိုအာလျှောက်သွားလိုက်သည်နှင့် လက်ထောက်ယုသည်ချက်ချင်းကားပေါ်မှဆင်းကာ သူသည်တလေးတစားဖြင့် ကားတံခါးကိုဖွင့်ပေးလိုက်၏။
ဖန်းမိုအာကားထဲသို့ရောက်သည်နှင့် လက်ထောက်ယုသည်ပြင်ဆင်ထားသည့်စာချုပ်ကိုပေးလိုက်သည်။
"ဥက္ကဌကတော်၊ ဒါကအနုပညာစာချုပ်ပါ"
ဖန်းမိုအာကတစ်ချက်ကြည့်လိုက်သည်။ တစ်နှစ်အတွင်း ကုမ္ပဏီမှသူမကိုထိပ်တန်းအဆိုတော်အဖြစ်ပြောင်းလဲပေးမည်ဟု ပြောထားသည်။
တစ်နှစ်စာလစာသည်10သန်းဖြစ်သော်လည်း သူမလိုအပ်သည်မှာအလွန်နည်းပါးသည်။
၎င်းသည်ငွေးကြေးနှင့်အရင်းအမြစ်အားလုံးအတွက်အပြည့်အဝပံ့ပိုးပေးမည်ဆိုသည့်စာချုပ်ဖြစ်သည်။
ဖန်းမိုအာသည်ဘောပင်ယူလိုက်ကာ လက်မှတ်ထိုးလိုက်သည်။
လက်ထောက်ယုက "ကုမ္ပဏီကမင်းကို 'the veiled queen ' လို့ နာမည်ပေးထားတယ်။ ပြီးရင်တော့ မင်းရေးခဲ့တဲ့ဇာတ်ဝင်သီချင်းကိုအသံသွင်းဖို့ရှိတယ်။ မင်းကိုအသံသွင်းတဲ့စတူဒီယိုကိုလိုက်ပို့ပေးမယ်။"
ဖန်းမိုအာကမျက်တောင်ခတ်လိုက်ကာ "ဒီသီချင်းအတွက်အကြိုရွေးချယ်မှုစာရင်းမှာလူ3ယောက်လို့ရေးထားတယ်လို့ကြားတယ်။ တိုက်ရိုက်လူရွေးပွဲလဲရှိမှာမလား?"
လက်ထောက်ယုကပြုံးလိုက်ကာ "ဥက္ကဌရှီကပြောတယ် မျှော်လင့်ချက်ကြီးလေ စိတ်ပျက်မှုကြီးမားလေတဲ့ ။ မင်းရဲ့ရန်သူကလည်း သူ့ရဲ့ရန်သူပဲတဲ့"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...